ကလေးတွေကို ဘယ်တော့မှ တစ်ယောက်တည်းမလွတ်ထားသင့်ကြောင်း သတိပေးလိုက်တဲ့ဖြစ်ရပ်

တရုတ်နိုင်ငံ Quanzhou City, Fujian မြို့မှာ ကလေးလေးတစ်ယောက် အရှေ့အိမ်က ရွယ်တူကလေးနဲ့ဆော့မယ်ဆိုပြီး လွှတ်ထားလိုက်ရာက ရုတ်တရက် ကလေးရဲ့အော်သံကို ကြားလိုက်ရပါတယ်။ ဘာဖြစ်မှန်းမသိလို့ ပြေးပြီးသွားကြည့်ချိန် ကြောက်စရာကောင်းလောက်အောင် ကလေးကိုယ်မှာ မီးတွေဆွဲနေပါတယ်။


ကလေးကိုယ်က မီးတွေကိုငြှိမ်းရတာ ၃မိနစ်တောင်ကြာပါတယ်။ ဒါပေမယ့် ကလေးခန္ဓာကိုယ်မှာ ဒဏ်ရာတွေကပြင်းထန်တာကြောင့် ဆေးရုံကိုချက်ချင်းပို့ဆောင်လိုက်ပါတယ်။ ကလေးဘယ်လိုမီးစွဲခဲလည်းဆိုတာ ဘယ်သူမှ သေချာမမြင်ခဲ့သလို အနီးနားမှာလည်း လူကြီးတစ်ယောက်တစ်လေတောင် မရှိခဲ့ပါဘူး။

 


ဘယ်လိုမီးစွဲသွားလဲဆိုတာရဲ့ နောက်ကွယ်အမှန်တရားက ဘာလဲဆိုတာ သေချာမသိရသေးပါဘူး။ စီစီတီဗီကိုပြန်ကြည့်တော့ ကလေးဟာ မီးစွဲနေလျက်ပြေးထွက်လာပြီး အနောက်က ကလေးလေးဟာပန်းရောင်မီးခြစ်ကိုင်ထားပြီး လိုက်လာပါတယ်။ ဒါဆို ဒီကလေးဟာ ကလေးမလေးကို မီးရှို့တာလားဆိုတာစဉ်းစားစရာပါ။ ရဲများကတော့ ဖြစ်စဉ်အမှန်ကန်ကို သေချာစစ်ဆေး စုံစမ်းနေပါတယ်။


ကလေးမလေးဟာ အသက်ရှင်သွားတယ်ဆိုပေမယ့် ခန္ဓာကိုယ်အနှံ့မှာ မီးလောင်ဒဏ်ရာတွေနဲ့ပြည့်နှက်နေပြီး အရုပ်ဆိုးသွားခဲ့ရပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*