ကိုယ့် ကိုကြွက်ကိုက်တာတောင် မခြောက်လှန့်နိုင်ရှာတဲ့ မသန်စွမ်းကောင်မလေး ဒဏ်ရာပရဗွနဲ့ အသက်လုနေရ

မသန်စွမ်းဒုက္ခိတတွေဟာ လူတွေရဲ့ ကူညီစောင့်ရှောက်မှု အလွန်လိုအပ်ပါတယ်။ အများစုကတော့ မိမိမှာ ကျရောက်လာတဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်စွမ်း နည်းပါးကြလို့၊ သူတို့တစ်တွေ အသက်အိုးအိမ် တည်မြဲဖို့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေက မပြတ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်းကို Metro က သတင်းလေးတစ်ပုဒ်နဲ့ ဖော်ပြထားပါတယ်။


အသက် 14 နှစ်သာရှိသေးပြီး၊ သွတ်ချာပါဒလေငန်းရောဂါကြောင့် အကြောသေနေတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမ ရောက်ရှိနေတဲ့ ဆေးရုံကုသရေ းခုတင်မှာထဲမှာပင် ကြွက်အကောင်ရေ များစွာရဲ့ ဝိုင်းဝန်းကိုက်ခဲခြင်း ခံခဲ့ရပါတယ်။ ကြွက်တွေကလည်း သူတို့ကို ရန်မပြုနိုင်မှန်းသိလို့များလား မပြောတတ်၊ ကလေးမလေးမှာ အလွန်ဆိုးဝါးတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။

ကလေးမလေးရဲ့ နာမည်မှာ Samantha လို့ ဖော်ပြထားပြီး၊ လက်ချောင်းထိပ်ကလေးတွေ၊ မျက်နှာနဲ့၊ ခန္ဓာကိုယ်အနှံ့အပြားမှာ ကြွက်ကိုက်ဒဏ်ရာ 225 ခု ရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘယ်လ်ဂျီယံနိုင်ငံနယ်စပ်မှာတည်ရှိတဲ့ ပြင်သစ်နိုင်ငံပိုင်နက်ထဲက Roubaix မြို့ဆေးရုံမှာ ဖြစ်ခဲ့တာပါ။


ဒီအဖြစ်အပျက်ကြောင့် ဆေးရုံဝန်ထမ်းဟာ ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွက် Samantha ရဲ့ ဖခင် Jerome က အလွန်စိတ်ပျက်နေပြီး၊ ဆေးရုံမှာအပြည့်အ၀ တာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဆေးရုံကားပါကင်အနီးမှာ ဧရာမအမှိုက်ပုံကြီး ရှိနေပြီး၊ ဒီအမှိုက်ပုံကြီးဟာ ကြွက်တွေရဲ့ နိုင်ငံတစ်ခု ဖြစ်နေပါတယ်။

ဒီအမှိုက်ပုံကြီးကို ဖယ်ရှားပေးဖို့ Jerome က အကြိမ်ကြိမ်တောင်းဆိုခဲေ့ပမယ့် ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ ကြွက်ကိုက်ခံရတဲ့ လက်ခောျင်းကလေးတွေ ပြတ်တောက်သွားမှုအတွက် ဘယ်ဒေါက်တာကမှ အကောင်းအတိုင်း ပြန်မကုနိုင်တော့ကြောင်း ညည်းတွားပြောဆိုခဲ့ပါတယ်။
မြို့တော်စည်ပင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်ထုတ်ပြန်မှုမှ မပြုလုပ်သေးသလို၊ ဆေးရုံပိုင်ရှင်ဘက်ကလည်း မည်သည့် ထုတ်ပြန်မှုမှ မပြုလုပ်ကြသေးဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်စဉ်ကို ဖော်ထုတ်နေဆဲဖြစ်ပြီး၊ မည်သည့်အရေးယူမှုမျှ မပြုလုပ်ရသေးပါဘူး။ ကာယကံရှင်ကောင်မလေးကိုတော့ ဘေးကင်းရာမှာ ရွှေ့ပြောင်းပေးပြီး ကုသမတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*