ကိုယ့်ယောကျ်ားနဲ့အတူ သူငယ်ချင်းအရင်းကြီးကို အိပ်ရာပေါ်မှာအတူတူတွေ့လိုက်ရတဲ့အခါ

မကြာသေးခင်က တက်လာတဲ့ဗီဒီယိုဟာ အားလုံးကိုဒေါသထွက်စေခဲ့တယ်။ ယောကျ်ားဆီတောင် အရင်မသွားပဲအချစ်ဆုံး သူငယ်ချင်းကို စပရိုက်စ်လုပ်မယ်ဆိုပြီး သူငယ်ချင်းဖြစ်သူအိမ်ကို သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူမပြန်လာချိန်နဲ့ သူငယ်ချင်းမွေးနေ့က တိုက်နေပါတယ်။ မွေးနေ့ကိတ်လေးယူပြီး အပျော်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သွားခဲ့တာပေါ့။

သူငယ်ချင်းအိမ်လည်းရောက်ရော ယောကျ်ားဖြစ်သူနဲ့အတူ အိပ်ရာပေါ်မှာ ဖက်အိပ်နေတာတွေ့လိုက်ရပါတယ်။ အကြီးကျယ်ဒေါသတွေထွက်ပြီး နှစ်ယောက်လုံးကို အော်မေးလိုက်တယ်။ ဘာလုပ်နေတာလဲပေါ့။ ” နင့်ယောကျ်ားက ငါ့ကိုခေါ်တာ သူ့မေးကြည့်ပါလား ” လို့ သူငယ်ချင်းကပြောပါတယ်။
ယောက်ျားလုပ်သူကလည်း မငြင်းတော့။ အားလုံးမိသွားပြီဆိုတော့ သူမမရှိတုန်း သူတို့နှစ်ယောက် အတူနေခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

သူငယ်ချင်းအရင်းကြီးနဲ့ ကိုယ့်ချစ်သူ ၊ ယောကျ်ားကို မမိတ်ဆက်ပေးရဘူးလည်း မဟုတ်ပါဘူး။ စည်းစောင့်တဲ့လူက စောင့်ပါတယ်။ အခုခေတ်မှာတော့ ဒါမျိုးကိစ္စတွေက ရှုပ်ထွေးလွန်းပြီး အာရုံနောက်ရပါတယ်။ ဗီဒီယိုဖိုင်ကြည့်ပြီး အင်တာနက်သုံးစွဲသူများကတော့ ဝေဖန်ရှုံ့ချနေကြပါပြီ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*