သမီးကို ပေါင်မုန့်ဝယ်ကျွေးနိုင်ဖို့ဗိုက်ဆာတဲ့အချိန် ရေခဲတုံးလေးတွေနဲ့ ဆန်စေ့တွေကိုသာစားပြီး တောင့်ခံခဲ့တဲ့မိခင်

မိခင်ဆိုတာက သူတို့ရဲ့သားသမီးကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့အတွက် ဘာမဆို စွမ်းဆောင်ပေးနိုင်ကြတဲ့လူတွေပါ ။ သူတို့တွေ ငတ်မွတ်ဆာလောင်နေရင်တောင်မှ သူတို့ရဲ့သားသမီးကိုမဆာလောင်အောင်ကျွေးမွေးပြီး ဒုက္ခဒဏ်တွေကို အမြဲခံပေးကြတဲ့သူတွေပါ ။ Aisha Othman အမည်ရှိတဲ့ မိခင်တစ်ယောက်ကလည်း သူမရဲ့ 7နှစ်အရွယ်သမီးလေးအတွက် စားစရာချန်ထားပေးနိုင်ဖို့ သူမဆာလောင်နေတဲ့အချိန်တွေမှာဆိုရင် ရေခဲတုံးလေးတွေကိုသာဝါးစားပြီး တောင့်ခံနေလေ့ရှိကြောင်း သိရှိရပါတယ် ။

Aisha ရယ် ၊ သူမခင်ပွန်းရယ် ပြီးတော့ သူမ၏သမီးလေး Paymitra တို့ဟာ Desa Rejang PPR ဆိုတဲ့ မလေးရှားနိုင်ငံ ၊ Kuala Lumpurမြို့မှာရှိတဲ့ လူများစွာနေထိုင်တဲ့အိမ်တန်းရားကြီးတစ်ခုမှာ နေထိုင်လျက်ရှိပါတယ် ။ သူမတို့မိသားစုဟာ အတော်လေးကိုဆင်းရဲပြီး သူမ၏ခင်ပွန်းကလုံခြုံရေးဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်နေလျက်ရှိပြီး သူမတို့မိသားစု၏တစ်လ ဝင်ငွေမှာတော့ RM 1,500 (မြန်မာငွေ 5သိန်းခွဲ ဝန်းကျင်) ခန့်သာရရှိခဲ့တဲ့အတွက် ဘာစားရင်ကောင်းမလဲဆိုပြီးစဉ်းစားခွင့်လေးတောင်မရရှိဖူးဘူးဆိုပြီး Aisha ကပြောပြခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ လျှပ်စစ်မီး ၊ ရေ စတဲ့အခွန်တွေ နဲ့ အိမ်ငှါးခတွေကြောင့် ဖြစ်ပါတယ် ။ ထို့အပြင် ယောက္ခမကိုလည်း ယခင်ကအိမ်ငှါးခတွေဖြစ်တဲ့ RM 5,000 (မြန်မာငွေ 18သိန်းဝန်ကျင်) ခန့်ပေးဖို့ အကြွေးများပြန်ဆပ်နေရကြောင်းလည်း သိရှိရပါတယ် ။

” ကျွန်မတို့ အခွန်တွေပေးဆောင်ပြီးရင်တော့ စားချင်တာစားနိုင်ပြီဆိုပေမဲ့လည်း အမြဲတမ်းအခွန်တွေပေးပြီးလတိုင်း ကျွန်မတို့မှာပိုက်ဆံတွေ မကျန်တော့ပါဘူး ” ဆိုပြီး Aisha ကပြောပြသွားခဲ့ပါတယ် ။ တခါတလေ စားစရာမရှိတဲ့အချိန်တွေမှာဆိုရင် 3ရက်လောက် ဆန်စေ့တွေကိုသာစားခဲ့ကြပြီး သမီးလေးအတွက်တော့ ပေါင်မုန့်လေး ချန်ထားပေးလေ့ရှိပါတယ် ။ ” ကျွန်မထမင်းချက်ရင် မီတာခတက်မှာကြောက်လို့ တအားဗိုက်ဆာတဲ့အချိန်တွေမှာဆိုရင် ရေခဲတုံးလေးတွေကို စားလိုက်တယ် ” ဆိုပြီးတော့လည်း Aisha ကပြောပြသွားခဲ့ပါတယ် ။ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Azreen Madzian က Aisha နှင့်သူမ၏သမီးဖြစ်သူ Paymitra တို့၏အကြောင်းကိုကြားသိသွားခဲ့ချိန်မှာတော့ မိနစ် 20စာ “For Paymitra ” ဆိုတဲ့ခေါင်စဉ်လေးနဲ့ ဖြစ်ရပ်မှန်သူတို့ရဲ့ဘဝဇာတ်ကြောင်းလေး ကို အဆိုပါတိုက်တန်းအဆောက်အအုံ PPR စနစ်ဖြင့်နေထိုင်နေကြရတဲ့သူများအကြောင်းနှင့်အတူ ရိုက်ကူးပေးခဲ့ပါတယ် ။

၎င်းရုပ်ရှင်ရဲ့ကျေးဇူးကြောင့် Setiwangsa MP,Nik Nazmi Nik Ahmad Service centre မှအရာရှိများက Aisha ရဲ့အခြေအနေကို သတင်းလက်ခံရရှိသွားခဲ့ကြပြီး သူမတို့မိသားစု၏အခြေခံအစားအစာများအတွက် အထောက်အပံ့ပေးခဲ့ကြပါတယ် ။ Aisha နှင့် သူမ၏ခင်ပွန်ကိုလည်း လူမှုဝန်ထမ်းအလုပ်တွေကိုလျှောက်ထားကြဖို့ အကြံဉာဏ်ပေးခဲ့ကြပါတယ် ။ ကံကောင်းစွာနဲ့ပဲ Aisha ဟာ ကုန်စုံဆိုင်တစ်ခုမှာအလုပ်ရရှိသွားခဲ့ပြီး သူမ၏မိသားစုအတွက်လည်း ဝင်ငွေများကို တစ်ဖက်တစ်လှမ်းမှ ရှာဖွေပေးနိုင်ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*