
ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ ကျင်းပတဲ့ သတို့သား Udirley Damasceno နဲ့ သတို့သမီး Rosemere do Nascimento Silva တို့ရဲ့ မင်္ဂလာပွဲကို အထူးဧည့်သည်တော် သုံးရာသာ ဖိတ်ကြားခဲ့ပါတယ်။ ငယ်ချစ်တွေရဲ့ လက်ထပ်ပွဲမှာ သတိုသားနဲ့ သတို့သမီး ပျော်ရွှင်နေကြမယ်ဆိုတာကတော့ သေချာပါတယ်။
သတို့သမီး Sliva ဟာ မင်္ဂလာပွဲမှာ စောင့်နေတဲ့ ချစ်သူ Udirley ရှိရာကို ရဟတ်ယာဉ်နဲ့ အရောက်သွားက Surpriseလုပ်ဖို့ လျှို့ဝှက်ကြံစည်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြံအစည်သာ အကောင်အထည်ပေါ်သွားရင် မင်္ဂလာဧည်ခံပွဲမှာ သတို့သားရဲ့ အပျော်တွေဟာ ဘယ်တော့မှ မေ့နိုင်စရာ မရှိတော့ဘူးလို့ သူမက ယူဆခဲ့ပါတယ်။
အဲဒီအကြံအစည်ကိုလည်း အကောင်အထည် ဖော်ဖြစ်အောင် ဖော်ခဲ့ပါတယ်။ ကံမကောင်းခဲ့ပါဘူး။ အဆိုပါ ရဟတ်ယာဉ်ကို Sliva ရဲ့ အစ်ကိုက မောင်းနှင်ပြီး မင်္ဂလာပွဲကျင်းပရာကိုရောက်ဖို့ မိုင်အနည်းငယ် အလိုမှာ ပျက်ကျခဲ့ပါတယ်။
မောင်နှမနှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ ဒီအထဲမှာ အစစ်ပါသွားတာက Sliva ရဲ့ဗိုက်ထဲက မမွေးဖွားရသေးတဲ့ခြောက်လအရွယ်ကိုယ်ဝန် ဖြစ်ပါတယ်။
Udirley ဟာ သတိုသမီး မလာသေးပါလားဆိုပြီး စောင့်နေခဲ့ပါတယ်။ ဒီအစီအစဉ်ကိုလည်း လုံး၀ မသိခဲ့ပါဘူး။ ရဲတပ်ဖွဲ့နဲ့ လေကြောင်းလုံခြုံရေးအေဂျင်စီကလည်း ဒီဖြစ်စဉ်ကို စုံစမ်းနေပါတယ်။ လက်တလော ထုတ်ပြန်ချက်အရ မိုးတွေ သည်းထန်စွာ ရွာသွန်းခဲ့လို့ ရဟတ်ယာဉ်ဟာ ထိန်းချုပ်ရခက်ခဲခဲ့ပုံရပါတယ်။
ရဟတ်ယာဉ်ဟာ သစ်ပင်တစ်ပင်ကို ဝင်တိုက်ပြီး ပျက်ကျခဲ့ပါတယ်။ ဘရားဇီးနိုင်ငံ Globo မီဒီယာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Carlos Eduardo Batista က ” သတို့သမီးတွေက ဖြစ်နိုင်ရင် ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းပြီး မင်္ဂလာပွဲကို ဘယ်သူ့ကိုမှ အသိမပေးပဲ သွားချင်ကြပါတယ် .. ဒါကတော့ ခေတ်ရေစီးပေါ့ “လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သတို့သမီး Sliva ရဲ့ အစီအစဉ်ကိုသိတဲ့ သူငယ်ချင်းအရင်း သုံးလေးယောက်လည်း ပရိသတ်ထဲမှာ ပါဝင်နေခဲ့ပါတယ်။ အချိန်ကြာလာတော့မှ သူတို့လည်း စိုးရိမ်စပြုလာခဲ့ပုံရပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ Robinson 44 အမျိုးအစား ဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ သတို့သမီးရဲ့ အစ်ကို Peterson Pinheiro ဖြစ်ပါတယ်။ ပျံသန်းလို့ ဆယ့်ငါးမိနစ်အကြာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
Leave a Reply