
တရုတ်နိုင်ငံမှာ ကောင်လေးတစ်ယောက် အဆောက်အုံထဲက ဓာတ်လှေကားမှာ သေးပန်းမိပြီးနောက် စက်တွေပျက်ပြီး တံခါးမပွင့်တော့ပါဘူး။ စစချင်း သူအေးဆေး ဓာတ်လှေကားထဲဝင်ပြီး ရုတ်တရက် သူ့ကိစ္စကို မထိန်းနိုင်တော့ပဲ ဓာတ်လှေကားထဲ သေးပန်းပါတော့တယ်။
အခြားနေရာမပန်းပဲ ဓာတ်လှေကားခလုတ်တွေနား အဆက်မပြတ်ပန်းပါတော့တယ်။ သူလည်းပြီးရော ဓာတ်လှေကား ခလုတ်တွေရှော့ဖြစ်ပြီး အလုပ်မလုပ်တော့ကာ တံခါးလည်း ပွင့်လိုက်ပိတ်လိုက်နဲ့ သူဒုက္ခရောက်ပါတော့တယ်။
ဒီကလေးရဲ့အပြုမူကို ထုံးစံအတိုင်း အင်တာနက်အသုံးပြုသူများ ဝေဖန်ပါတော့တယ်။ တကယ်လည်း လူပြောချင်စရာဖြစ်ခဲ့ရပါတယ်။ ဒီကောင်လေး ဓာတ်လှေကားထဲက ပြန်ထွက်လို့ရလား မရလား ဆိုတာတော့ သေချာ မသိရပါဘူး။
Leave a Reply