မှန်တံတားလျှောက်လမ်းကို တူနဲ့ထုရိုက်ပြီး လုံခြုံမှုစမ်းသပ်ပေးရတဲ့ အန္တရာယ်အများဆုံးအလုပ်

ပေ (၆၀၀) အမြင့်ရှိ မှန်တံတားလျှောက်လမ်းအကြည်ပေါ်မှာ အလုပ်သမားတွေက တူတွေ ပေါက်ချွန်းတွေနဲ့ တံတားကို ထုရိုက်ပြီး လုံခြုံမှု စမ်းသပ်ပေးရခြင်းကို ရိုက်ကူးထားတဲ့ အသည်းအေးစရာ ဗီဒီယိုတစ်ခုကို တွေ့ရှိရပါတယ်။


သတ္တိရှိလှတဲ့ တရုတ်ဆောက်လုပ်ရေးလုပ်သားတွေဟာ မှန်တံတားအသစ်ကို အက်ရာထင်လာတဲ့အထိ အကြိမ်ကြိမ် တူနဲ့ ထုနေကြပြီး အက်ရာတွေပေါ်မှာ အေးဆေးစွာပဲ ပြုံးရယ်ကာ တက်ခုန်လိုက်ကြပါသေးတယ်။ ၎င်းဗီဒီယိုကို ကွမ်ရှီးဒေသရှိ အမြင့်ကြောက်စေတဲ့ မှန်တံတားပေါ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၎င်းတံတားဟာ ၂၀၁၈ ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ခဲ့ပါတယ်။


အမြင့် (၇၇၅)ပေ အကျယ် (၆)ပေခွဲရှိတဲ့ ကမ္ဘာ့အရှည်ဆုံးမှန်တံတားဟာလည်း တရုတ်နိုင်ငံမှာတည်ရှိတာဖြစ်ပြီး Hebei ဒေသရှိ ချောက်ကမ်းပါးနှစ်ခုကို ဆက်ထားတာဖြစ်ပါတယ်။ မှန်အချပ်ပေါင်း (၁၀၇၇)ချပ်နဲ့ တည်ဆောက်ထားတဲ့ ၎င်းကမ္ဘာ့အရှည်ဆုံးမှန်တံတားမှာ ခရီးသွားဧည့်သည်တွေကို ပိုစိတ်လှုပ်ရှားစေဖို့ ယိမ်းယိုင်လှုပ်ရှားမှုကိုပါ ထည့်သွင်းပြုလုပ်ထားပါတယ်။


ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံရှိ မှန်တံတားတစ်ခုကို ဧည့်သည်အလာများတဲ့အတွက် လုံခြုံရေးစိုးရိမ်ရမှုနဲ့ (၁၃)ရက်အတွင်း ပိတ်ခဲ့ရပြီး (၂၀၁၅)ခုနှစ်မှာ တရုတ်ပြည်အလယ်ပိုင်းရှိ ပေ (၃၀၀၀)ထောင်ကျော်မြင့်တဲ့ မှန်တံတားတစ်ခု အက်ကွဲခဲ့ခြင်းကြောင့် ခရီးသွားဧည့်သည်များ ထိတ်လန့်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*