ချစ်သူကောင်လေး နာမကျန်းဖြစ်နေလို့ သူ့အစား အလုပ်တွေလုပ်ပေးဖို့ ကြိုးစားခဲ့တဲ့ ကောင်မလေး

ချစ်သူကောင်လေး နာမကျန်းဖြစ်နေလို့ သူ့အစား အလုပ်တွေလုပ်ပေးဖို့ ကြိုးစားခဲ့တဲ့ ကောင်မလေး

ကောင်မလေးတွေက အချစ်ကိုဖော်ပြရာမှာ ကောင်လေးတွေထက် ပိုကျွမ်းတယ်လို့ ဆိုပါတယ်။ အခုလည်း မလေးရှားမလေးတစ်ယောက်ရဲ့ လုပ်ရပ်ကို လူမှုကွန်ရက်ပေါ်မှာ အများက ချီးကျူးနေကြပါတယ်။ အဆိုပါ ကောင်မလေးက စားစရာတွေကို မှာယူထားသူတွေထံ ပါဆယ်လိုက်ပို့ပေးဖို့ ကြိုးစားခဲ့တာပါ။

တကယ်တော့ အဲဒီ အစားအစာပါဆယ်ပို့တဲ့အလုပ်က သူမရဲ့ အလုပ်တော့ မဟုတ်ပါဘူး။ သူမရဲ့ချစ်သူကောင်လေး နာမကျန်းဖြစ်နေတဲ့အတွက် သူ့အစား ကောင်မလေးက ပါဆယ်ထုတ်တွေကို လိုက်ပို့ပေးဖို့ ခိုးကြောင်ခိုးဝှက် ကြိုးစားခဲ့တာပါ။ ဒါဟာ သာမန်အားဖြင့် ရိုးရိုးလေးဆိုသော်လည်း၊ သူမရဲ့အချစ်ဟာ ဘယ်လောက်အထိ မွန်မြတ်တယ်ဆိုတာကို မြင်နိုင်ပါတယ်။

ချစ်သူစုံတွဲတွေလို့ ဆိုတဲ့စကားအတိုင်း တစ်ယောက်ဒုက္ခရောက်ရင် တစ်ယောက်က ကူညီဖို့ သင့်ပါတယ်။ ဒီအတွက် တစ်စုံတစ်ယောက်က မင်းချစ်သူကောင်လေး နေမကောင်းလို့ မင်း သူလုပ်စရာလေးတွေ ကူညီလိုက်ပါလားလို့ ခိုင်းစရာမလို၊ စိတ်ထဲကနေ အလိုလိုသိတဲ့ ခံယူချက်နဲ့ အခုလို ကူညီခဲ့တာမျိုးဟာ တကယ်လည်း ချစ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ကောင်မလေးရဲ့နာမည်ကတော့ Hsiang Yee လို့ သိရပါတယ်။ သူမဟာ တစ်တော့ပလက်ဖောင်းဘက်မှာတော့ ဆယ်လီတစ်ဦးလို့ ဆိုပါတယ်။ သူမရဲ့ကောင်လေးဟာ ဒဏ်ရာရရှိထားတာကြောင့် လောလောဆယ် အိပ်ရာထက်မှာ နားနေရပါတယ်။ ဒီအခါမှာတော့ Yee ဟာ ချစ်သူအမျိုးသားဝတ်ဆင်တဲ့ Foodpanda ဝတ်စုံကိုဝတ်ဆင်ပြီး၊

နေ့လည်ခင်းပိုင်း ကောင်လေးအနေနဲ့ ဆက်ပြီးပို့ဖို့ကျန်နေသေးတဲ့ ပါဆယ်တွေကို ကိုယ်စားပို့ဖို့ကြိုးစားခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ သူမဟာ ချစ်သူကောင်လေးရဲ့ ယူနီဖောင်းကို မတော်မတည့် ဝတ်ထားလို့ တော်တော်လေးကို ပွယောင်းယောင်းကြီး ဖြစ်နေပါတယ်။ သူမဟာ ဒီလိုလုပ်နိုင်ဖို့ ချစ်သူကောင်လေးရဲ့ ဖုန်းကိုလည်း ပိတ်ထားရပါတယ်။

အဲဒီနောက် ပြင်ဆင်နေစဉ်မှာပဲ ကောင်လေးက ဒဏ်ရာကနေ သက်သာပြီး နိုးလာခဲ့ပြီး၊ သူပဲ ပို့ရန်ကျန်တာတွေ ဆက်ပို့ဖို့ ထွက်သွားပါသတဲ့။ ဝေဖန်သူတစ်ဦးကတော့ ဒါဟာ တစ်တော့အနေနဲ့ အပျော်ရိုက်ထားတာ ဖြစ်နိုင်ကြောင်း၊ Foodpanda မှာတကယ်လုပ်နေသူတစ်ဦးရဲ့အဆိုအရ သူတို့ လုပ်ရန်ရှိတဲ့ Shift (အလုပ်ခွဲတန်းတွေ)ကို တခြားအမည်မတူသူတစ်ဦးက ဝင်ရောက်ကူညီပေးဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ရေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*