အလုပ်အတွက် ထရိန်နင်ပေးတယ်ဆိုပြီး ဝန်ထမ်းတွေကို လေးဘက်ကုန်းလျှောက်ခိုင်း

တရုတ်နိုင်ငံ မြောက်ပိုင်း Harbin City, Heilongjiang မှာ စားသောက်ဆိုင် မန်နေဂျာက ဝန်ထမ်းတွေကို ထရိန်နင်ပေးတယ်ဆိုပြီး ဥယျာဉ်ခြံပေးနားတစ်လျှောက်မှာ လေးဘက်ကုန်းပြီး လျှောက်ခိုင်းပါတယ်။ တစ်ချို့အမျိုးသမီး ဝန်ထမ်းတွေဆို မခံနိုင်လွန်းလို့ ငိုတောင် ငိုပါတယ်။

ဘေးပတ်ဝန်းကျင်မှ လူတွေက မန်နေဂျာကို ဒီလိုမလုပ်ဖို့ တားကြပါတယ်။ မန်နေဂျာက ဒါသူ့အလုပ်ပဲ။ ဝင်မရှုပ်ဖို့ ပြောပါတယ်။ ဒီလို ထရိန်းရတာဟာ ဝန်ထမ်းတွေကို စိတ်ဓာတ်ပြင်းထန်အောင် ဖြစ်တယ်လို့သူက ဆိုပါတယ်။ အင်တာနက်သုံးစွဲသူများကတော့ သူ့ရဲ့ဗီဒီယိုကြည့်ပြီး ဒေါသတွေထွက်နေကြပါတယ်။


တရုတ်နိုင်ငံမှာတော့ ဝန်ထမ်းတွေကို အပြစ်ပေးတာ ၊ ထရိန်းနင်ပေးတာတွေက သူများတွေထက် ခွဲထွက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ခံချင်စရာကောင်းတဲ့ အပြစ်ပေးတဲ့ပုံစံမဟုတ်တော့ ဝေဖန်မှုတွေကတော့ တော်တော်များပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*