စာသင်ခန်းထဲမှာ ထီးဆောင်းနေတဲ့ ကျောင်းသားတွေပုံရိပ် လူပြောချင်စရာဖြစ်ခဲ့

တရုတ်နိုင်ငံ နယ်မြို့လေးတစ်ခုမှ ကျောင်းတစ်ကျောင်းမှာ ကလေးတွေအားလုံး ထီးတွေဆောင်းပြီးစာသင်နေတဲ့ ပုံရိပ် အင်တာနက်ပေါ်တက်လာပါတယ်။ ဒီပုံကြည့်ပြီး အင်တာနက်သုံးစွဲသူတွေကြားထဲပြောစရာဖြစ်လာခဲ့ပါတယ်။

မိုးရွာတော့ ကျောင်းအဆောက်အုံ့ကြီးက မိုးစက်တွေ ယိုစိမ့်နေတာကြောင့် ထီးဆောင်းပြီး စာသင်ရပါတယ်။ ကျောင်းမှာ မိုးယိုပေါက်ဖာဖို့တောင် မဖြစ်နိုင်လို့ အခြေအနေက တော်တော်ဆိုးပါတယ်။ ဒီပုံလေးကြည့်ပြီး ကျောင်းရဲ့ဘေးဒုက္ခမှ ကယ်တင်နိုင်မယ့် အလှူရှင်တွေလည်း ထွက်ပေါ်လာမယ်လို့ ထင်ပါပါတယ်ဆိုပြီး အချို့လူတွေကပြောကြတယ်။
တကယ်တော့ ကျောင်းရဲ့အခြေအနေကလည်း ပုံထဲမှာကြည့်ရတာ အေးဆေးပါ။ ပြီးတော့မှ ဆရာက ကလေးတွေကို ထီးဆောင်းခိုင်းထားတာဖြစ်ပါတယ်။ ကလေးတွေ စာမေးပွဲဖြေရင် စာခိုးချလို့မရအောင် ကိုယ့်နေရာ ကိုယ်ကွယ်ထားလို့ရအောင် တမင်ထီးဆောင်းခိုင်းထားတာ ဖြစ်ပါတယ်တဲ့။

အားလုံးကတော့ မိုးယိုတယ်ထင်ပြီး စိတ်မကောင်းဖြစ်လိုက်ရတာ။ တရုတ်နိုင်ငံရဲ့ကျောင်းပညာရေးဟာ သူများတွေထက် တင်းကြပ်ပြီး ထိန်းချုပ်တာတွေများပါတယ်။ သူများတွေထက်လည်း ထူးဆန်းတယ်။ တကယ်ကို ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ စာသင်ကျောင်းတွေရဲ့ စာမေးပွဲဖြေပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*