ဂျပန်မှော်ပစ္စည်းဆိုင်က ဈေးနှုန်းအမြင့်ဆုံးနဲ့ ရောင်းချနေတဲ့ စန်းပွင့်စေမယ့်ပန်းသီး

ဂျပန်နိုင်ငံ Black Cat Magic Shop ဆိုတဲ့ မှော်ပစ္စည်းအရောင်းဆိုင်ကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ စန်းပွင့်စေမယ့်ဆိုတဲ့ ပန်းသီးတွေကို ရောင်းချနေပါတယ်။ ဈေးနှုန်းအမြင့်ဆုံးဆိုတဲ့အတိုင်း ပန်းသီးတစ်လုံးကို ယန်း (10,800) သို့မဟုတ် အမေရိကန် ဒေါ်လာ 105 လာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ပန်းသီးတစ်လုံးကို တစ်သိန်းကျော်ကျော် ပေးရမှာဖြစ်ပါတယ်။


ဒီပန်းသီးတွေကို ဂျပန်ပြည်ရဲ့ မှော်ပညာရှင်တွေ စံခိုရာလို့ နာမည်ကြီးတဲ့ Haguro, Gassan နဲ့ Yudono လို့ အမည်ရတဲ့ တောင်သုံးလုံးမှာ ကျကျနနစိုက်ပျိုးထားပြီး မှော်စွမ်းအားတွေ ထည့်သွင်းပေးထားတယ်လို့ အဲဒီဆိုင်ရဲ့ ကြော်ငြာမှာ ထည့်သွင်းထားပါတယ်။


စားသုံးသူကို ရက်ပိုင်းအတွင်း မိမိချစ်ရသူကို ရရှိစေမယ်လို့လည်း အာမခံထားပါတယ်။ ဒါကြောင့်လည်း အဲဒီပန်းသီးကို Love-Granting Apple လို့လည်း အမည်ပေးထားပါတယ်။ဒီပန်းသီးကို ဝယ်ယူသုံးစွဲမယ်ဆိုသူများအတွက်လည်း အညွှန်းပေးထားပါသေးတယ်။


ပထမဆုံး ပန်းသီးကို သန့်စင်အောင် ရေဆေးရပါမယ်။ အဲဒီနောက် ပန်းသီးကို မကိုက်ခင်/မစားခင်မှာ ကိုယ်အလွန်ချစ်မြတ်နိုးရသူကို အာရုံထဲကနေ ပေါ်အောင် အရင်လုပ်ရပါမယ်။ ပြီးရင် တစ်ကိုက်ကိုက်ပြီး ချစ်သူက ချစ်စေကြောင်း စိတ်ထဲကနေ ရည်မှတ်ပြီး စားရမှာ ဖြစ်ပါတယ်။ ပန်းသီးကိိုို ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ဖျော်ရည်/ချက်ပြုတ်/ဒီအတိုင်း ကိုက်ပြီးစားခြင်း စတဲ့ပုံစံအမျိုးမျိုးနဲ့ စားနိုင်တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*