အရမ်းချစ်ဖို့ကောင်းနေတဲ့ အလစ်သုတ်သမားဖြစ်နေလို့ ဖမ်းဖို့ခက်နေတဲ့ ရဲကြီးများရဲ. အဖြစ်

အရေးပေါ်အခြေအနေဆိုလို့ ရဲတွေက စတိုးဆိုင်ကို ကမန်းကတန်းရောက်သွားကြပါတယ်။ ရောက်လည်းရောက်ရော မထင်မှတ်ထားတာကို တွေ့လိုက်ရတယ်။


စတိုးဆိုင်က ပိတ်နေပါပြီ။ မီးတွေလည်း ပိတ်ထားတာကို ဆိုင်ထဲလူဝင်လာတဲ့ အသံကြားလို့ ပိုင်ရှင်လည်း မထွက်ရဲတာနဲ့ ရဲကိုခေါ်လိုက်တယ်။ ရဲတွေလည်း အတတ်နိုင်ဆုံး အမြန်ရောက်လာကြပါတယ်။ ဘယ်လိုများ ဆိုင်ထဲဝင်လာလည်း စဉ်းစားမရပါဘူး။

မီးလည်း ဖွင့်လည်းဖွင့်လိုက်ရော သူမဟုတ်သလို ရုပ်နဲ့ ငုတ်တုတ်ထိုင်နေတဲ့ ချစ်စရာခွေးလေးကိုတွေ့လိုက်ရပါတယ်။ ရဲတွေရော ဆိုင်ပိုင်ရှင်ပါကြောင်သွားပြီး ဒီငဆိုးလေး ဘယ်လိုဝင်လာပါလိမ့်စဉ်းစားရတော့တယ်။


ရဲတွေက ခွေးကို လက်ခံရရှိထားကြောင်းနဲ့ ပိုင်ရှင်ကိုအမြန်လာခေါ်ဖို့ ပြောထားပါတယ်။ ခွေးလေးဟာ သူ့ဘာသာ လမ်းပျောက်ပြီး စတိုင်းဆိုင်ထဲဝင်လာတာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်ကလည်း သူခိုးမှတ်နေတာ.. တော်သေးပေါ့။

Be the first to comment

Leave a Reply

Your email address will not be published.


*