မျက်နှာကြက်က ပန်ကာပြုတ်ကျ ပြီး အသက်ဆုံးရှုံတော့မည့် အခြေအနေမျိုးနှင့် တွေ့ကြုံခဲ့ရသူ

အသက် 62နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ 19 ရက်နေ့က မလေးရှားနိုင်ငံ ၊ Shah Alam မြို့မှာရှိတဲ့ သူမ၏နေအိမ်ရှိ မျက်နှာကြက်မှာတပ်ဆင်ထားသော ပန်ကာကြီးဟာ ပျက်ကြလာခဲ့၍ အသက်သေဆုံးတော့မည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ရတဲ့သူမရဲ့ အတွေ့အကြုံကို ဝေမျှသွားခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါ Zaitun အမည်ရှိတဲ့ အမျိုးသမီးဟာ မနက် 6:30 အချိန်မှာ သူမ၏အိပ်ခန်းထဲသို့ဝင်ပြီး အနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ ထို့နောက် သူမအိပ်ခန်းရှိမျက်နှာကြက်မှ ပန်ကာခလုတ်ကိုဖွင့်လိုက်ပါတယ် ။ ပန်ကာဟာ ခဏတစ်ဖြုတ်လှည့်ပတ်ပြီးနောက် အောက်ပိုင်းဟာပျက်ဆီးပြီးပြုတ်ကျလာခဲ့ပါတယ် ။ ပန်ကာဟာ သူမ၏ဦးခေါင်ပေါ်သို့ကျဖို့ အနည်းငယ်သာလွတ်သွားခဲ့တဲ့အတွက် သူမဟာ အတော်လေးကြောက်လန့်ပြီး ခဏတစ်ဖြုတ်ကြက်သေ သေသွားခဲ့ပါတယ် ။ ” ကျွန်မအတော်လေး ကံကောင်းခဲ့တယ် ၊ ပန်ကာကျလာတဲ့အချိန်က ကျွန်မအိပ်ယာပေါ်မှာ မလဲအိပ်လိုက်မိသေးလို့ ၊ မဟုတ်ရင် ကျွန်မခေါင်းပုံကိုကျမှာ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

သူမဟာ အတော်လေး တုန်လှုပ်နေခဲ့ပေမဲ့လည်း အဆိုပါအဖြစ်အပျက်ကိုဧည့်ခန်းထဲမှာရှိနေခဲ့ကြတဲ့သူမ၏ သားသမီးများဆီသို့ အကြောင်းကြားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကိုကြားကြားချင်းမှာပဲ သူမ၏သားသမီးများဟာ အတော်လေးစိုးရိမ်ပူပန်ခဲ့ကြတဲ့ သူမ၏အိပ်ခန်းသို့သွားရောက်ကြည့်ရှုခဲ့ကြပါတယ် ။ ထို့နောက်မိခင်ဖြစ်သူ မည်သည့်ဒဏ်ရာမျိုးမှမရရှိခဲ့တဲ့အတွက် အတော်လေးစိတ်သက်သာရာ ရသွားခဲ့ကြပါတယ် ။ ထို့နောက် အဆိုပါအဖြစ်အပျက်ကို အခြားသောသူများကိုလည်း သတိပေးလိုသောရည်ရွယ်ချက်ဖြင့် သားသမီးတွေထဲက တစ်ယောက်ဟာ ဓာတ်ပုံရိုက်ပြီး ၎င်းအဖြစ်အပျက်ကို Twitter စာမျက်နှာပေါ်မှာဝေမျှသွားခဲ့ပါတယ် ။

သူမရဲ့အိပ်ခန်းထဲက ပန်ကာမပြုတ်ကျခင်ကတည်းက သူမစိတ်ထဲမှ တစ်ခုခုဖြစ်တော့မယ်ကိုသိရှိနေခဲ့ပြီး သူမ၏သားဖြစ်သူလျှပ်စစ်မီးပြင်သမားတစ်ဦးကို သူမအခန်းထဲရှိပန်ကာကိုပြင်ပေဖို့ ပြောဆိုခဲ့ပေမဲ့လည်း သားဖြစ်သူဟာအဆင်ပြေနေသေးကြောင်းပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်မျိုး သူမတို့မိသားစုဆီမှာဖြစ်ပွားခဲ့ပြီးနောက် သူမတို့ဟာပိုပြီးသတိဝီရိယ ရှိသွားခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*