ငြိမ်းမြတ်သူက ဆုရတာ မဟုတ်ပါဘူး Presenter က မှားပြီး ကြေညာမိတာပါလို့ ပြောလာတဲ့ ပွဲစီစဉ်သူ စိုင်းကိုကို

ငြိမ်းမြတ်သူက ဆုရတာ မဟုတ်ပါဘူး၊ Presenter က မှားပြီး ကြေညာမိတာ၊ တကယ် ဆုရသွားတဲ့ကောင်မလေးက နဒီမိုးပါလို့ စိုင်းကိုကို(ပွဲစီစဉ်သူ) ကပြောလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ငြိမ်းမြတ်သူဟာ ဟားခါးကိုယ်စားပြု အလှမယ် အဖြစ်ရွေးချယ် ခံခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကြားဝေဖန်မှုတွေများလာတဲ့နောက်မှာတော့ ပွဲစီစဉ်သူက လူးမှားပြီး ကြေညာခဲ့တာပဲဆိုပြီး media ကနေ ပြောလာခဲ့တာပါ။

Presenter(အစီအစဉ်တင်ဆက်သူ)က မှားပြီး ကြေညာခဲ့မိတာ။ ငြိမ်းမြတ်သူကို Top 5(ထိပ်ဆုံးငါးယောက်)မရွေးခင်မှာ Special Award Title တစ်ဆုပေးဖို့ စီစဉ်ထားပါတယ်။ Presenter အနေနဲ့ ကြေညာလိုက်တဲ့အချိန်မှာ ဟားခါးမြို့ကိုယ်စားပြုဆိုပြီး ကြေညာလိုက်တယ်ပေါ့။ စာရွက်မှာက ငြိမ်းမြတ်သူကို ပေးမယ့်ဆုနဲ့ ဟားခါးမြို့အလှမယ်ကိုပေးမယ့်ဆုက

တစ်တန်းတည်းဖြစ်နေတော့(အောက်နဲ့ အပေါ်ဖြစ်နေတော့) Presenter ကလည်း ငြိမ်းမြတ်သူထင်ပြီး ကြေညာလိုက်တယ်။ တကယ်ဆုရသွားတဲ့ ကောင်မလေးက နဒီမိုး ပါ။ သူဟာ အဲ့ဒီညရဲ့ Winner ဖြစ်ပါတယ်။ ငြိမ်းမြတ်သူက Top 5 ငါးယောက်ထဲ မပါခဲ့ဘူး။ ငြိမ်းမြတ်သူကို ပေးမှာက စိတ်ထားအလှနဲ့ဆိုင်တဲ့ဆုပါ – စိုင်းကိုကို(ပွဲစီစဉ်သူ) က media ကို interview ဖို့ခေါ်ပြီးပြောခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ လူမှားကြေညာတောင် မိန်းကလေးတစ်ယောက်ကို အရှက်ခွဲသလိုဖြစ်လို့ ဝေဖန်နေကြပါတယ်။ ပွဲစီစဉ်သူ စိုင်းကိုကိုဟာလဲ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရပါတယ်။ ပရိသတ်ကြီးအတွက် စိုင်းကိုကို ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*