ငါးကုန်အောင်မရောင်းနိုင်တဲ့ မိခင်ကို၊ စံချိန်တင်အမြတ်ငွေရအောင် လုပ်ပေးခဲ့တဲ့သမီး (ရုပ်သံ)

ထိုင်ဝမ်က ကောင်မလေးတစ်ယောက်ကတော့ ငါးရောင်းရာမှာ ရောင်းမကုန်လို့ အခက်အခဲဖြစ်နေတဲ့ မိခင်ဖြစ်သူကို တစ်ရက်တည်းနဲ့ ငါးတွေကုန်အောင် ရောင်းပြနိုင်ရုံမျှမက စံချိန်တင် အမြတ်ငွေပါ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ သူမ ကိုယ်တိုင်က နယ်နယ်ရရတော့ မဟုတ်ပါဘူး။


သူမရဲ့အမည်မှာ Liu Pengpeng ဖြစ်ပြီး အသက်(၂၆)နှစ် ဖြစ်ပါတယ်။ သူမဟာ ပြင်ပလူနေမှုဘဝမှာလည်း မော်ဒယ်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပြီး၊ အခုလို မိခင်ကို စေးျရောင်းပေးတာကတော့ ပထမဆုံးလို့ ဆိုရမှာပါ။ သူမရဲ့ ငါးဆိုင်မှာ ငါးတွေ ခဏချင်းကုန်သွားပါတယ်။

 

သူတို့ဈေးကို ရောက်လာတဲ့ အမျိုးသားတွေတော်တော်များများကတော့ အဲဒီနေ့က Liu ဆီကနေ ငါးမဝယ်သူ မရှိသလောက်ပါဘဲတဲ့။ ငါးတွေခဏချင်းရောင်းကုန်သွားလို့ ဒိုင်ဆီကနေ ချက်ချင်း ဖုန်းဆက်မှာခဲ့ရပြီး၊ တန်းစီဝယ်ယူသည်အထိ ဖြစ်ခဲ့ရပါတယ်။

သူမရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာလည်း ပျံ့နှံ့ကျော်ကြားခဲ့ပြီး ” အမေရေ … နောက်ဆို ငါးဝယ်ဖို့ သားတာဝန်ထား “ဆိုပြီး ပြန်လည် မျှဝေသူတွေရှိသလို၊ တစ်ချို့ကတော့ ” ငွေသာ တက်နိုင်ရင် ဆိုင်ရှင်ပါ တစ်ခါတည်း ဝယ်လိုက်ချင်တာ “လို့ အရွှန်းဖောက်သူတွေလည်း ရှိနေပါတယ်။

သူမရဲ့ လူမှုကွန်ရက် အကောင့်မှာလည်း Follower တွေ ရုတ်ချည်း မြင့်တက်လာခဲ့ပြီး၊ နေ့တိုင်း ငါးရောင်းသလားလို့ မေးသူတွေလည်း ရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူမက နေ့တိုင်း ငါးမရောင်းကြောင်း၊ သို့သော်လည်း လာမယ့် ကြာသပတေးနေ့မှာတော့ သူမ ငါးရောင်းဦးမှာဖြစ်ကြောင်း ဆိုပါတယ်။

Liu တို့ ငါးဆိုင်ဟာ Changhua မှာတည်ရှိတဲ့ ရပ်ကွက်ဈေးလေးအတွင်းမှာ တည်ရှိပြီး၊ လာမယ့် ကြာသပတေးနေ့မှာလည်း သူမကို ဈေးရောင်းဝတ်စုံ လှလှလေးနဲ့ မြင်တွေ့ရဦးမှာလို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် မိခင်ကြီးလည်း ဒီထက်ပိုပြီး ငွေတွေ လှိမ့်ဝင်လာဦးမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*