ဆိုက်ကားနင်းပြီး ချို့တဲ့ကျောင်းသားကျောင်းသူ၃ရာကျော်ကို ငွေကြေးထောက်ပံ့ခဲ့တဲ့ အဘိုးအို

လောကကြီးမှာ အလှူဒါနမျိုးစုံရှိပါတယ်။ တစ်ချို့ကတော့ ထမင်းရေးစီချောင်း လှူဒါန်းကြပါတယ်။ အချိုကလည်း မရှိမဲ့ရှိမဲ့ ချွေးနှဲစာတွေနှင့် လှူဒါန်းပါတယ်။ ယခုဖော်ပြမည့် အကြောင်းရာကတော့ ဆိုက်ကားနင်းပြီး ချို့တဲ့ကျောင်းသားကျောင်းသူ၃ရာကျော်ကို ငွေကြေးထောက်ပံ့ခဲ့တဲ့ အဘိုးအို ဖြစ်ပါတယ်။

 

အဆိုပါ အဘိုးအိုကတော့ တရုတ်နိုင်ငံမှပါ။ အဘိုးအို၏ နာမည်ကတော့ ဘိုင်ဖန်ဂလိ ဖြစ်ပါတယ်။ သူကဆိုက်ကားနင်းဖြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူပါ။ ဒါ့အပြင် သူအနေနှင့် ရရှိလာတဲ့ ငွေကြေးတွေကိ်ု ငွေကြေးလိုအပ်တဲ့ ကျောင်းသားကျောင်းသူများကို လှူဒါန်းခဲ့ပါတယ်။

အဆိုပါ အဘိုးအိုအနေနှင့် ၁၈နှစ်အတွင်း ကျောင်းသားကျောင်းသူ ၃ရာကျော်ကိုလှူဒန်းခဲ့တာပါ။ ကံမကောင်းစွာနှင့်ဘဲ အဘိုးအိုက ဇရာထောင်းလာသလို အဆုတ်ကင်ဆာလည်းခံစားလာရပါတယ်။ အဘိုးအိုအနေနှင့် ၂၀၀၅ခုနှစ်မှာ အဆုတ်ကင်ဆာနှင့် သေဆုံးခဲ့ရပါတယ်။ အဘိုးအိုအနေနှင့် သေဆုံးချိန်မှာ ၉၂ နှစ်ရှိပြီးဖြစ်ပါတယ်။ အဘိုးအိုက လူသေပေမယ့် နာမည်မသေဘဲ ခုအချိန်ထိ ဂုဏ်သတင်းမွှေးနေဆဲပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*