အင်္ဂလိပ်မိန်းကလေးကိုလက်ထပ်ယူနိုင်ခဲ့တဲ့ အင်ဒိုအမျိုးသားရဲ့စွမ်းဆောင်မှု

အသက် ၂၆နှစ် Karna Radheya နဲ့ အသက် ၂၁နှစ် Polly Alexandria Robinson တို့ရဲ့မင်္ဂလာပွဲဟာ ကမ္ဘာတစ်ဝှမ်းက အင်တာနက်သုံးစွဲသူတွေကို အံ့သြမှင်သက်စေခဲ့တယ်။ သတို့သားဟာ အင်ဒိုနီးရှားလူမျိုးဖြစ်ပြီး သတို့သမီးကတော့ အင်္ဂလိပ်လူမျိုးပါ။ ဒီထက်ထူးခြားတာက မိန်းကလေးဟာ ဖြူဖြူဖွေးဖွေး ချောချောလေးမို့ သတို့သားနဲ့ မလိုက်ဖက်ဘူးလို့ အများကဝိုင်းပြောကြပါတယ်။


မန်ချက်စကာမှ အင်္ဂလိပ်မိန်းကလေးကို သူဘာလို့လက်ထပ်မိလဲဆိုတာ သေချာတောင်မသိဘူးလို့ Radheya ကပြောပါတယ်။ ” ကျွန်တော့်အိမ်ထောင်ရေးကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်တည်ဆောက်မယ်။ လူတွေ ဝိုင်းပြောနေကြတာ ကျွန်တော်သိပေမယ့် အဓိက ကျွန်တော်တို့နှစ်ယောက်ချစ်နေရင် ပြီးရောမဟုတ်လား”


သူတို့တွဲနေခဲ့တာလည်း ကြာပြီလို့သိရပါတယ်။ Bali မှာ Radheya အလုပ်သွားလုပ်တုန်း Robison နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ချစ်မိသွားကြပြီး အတူတူအင်္ဂလန်ကိုသွားကြတယ်။ အဲ့ဒီကနေ တွဲလာလိုက်တာ လက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ အားလုံးလည်း အံ့သြခဲ့ရသလို ဒါဟာ သူတို့ရဲ့ဖူးစာမှန်လို့ညားတာဆိုပြီး ဂုဏ်ပြုတဲ့လူရှိသလို ဝေဖန်တဲ့လူတွေလည်း ရှိပါတယ်။

ZG

အသက္ ၂၆ႏွစ္ Karna Radheya နဲ႔ အသက္ ၂၁ႏွစ္ Polly Alexandria Robinson တို႔ရဲ႕မဂၤလာပဲြဟာ ကမၻာတစ္ဝွမ္းက အင္တာနက္သံုးစဲြသူေတြကို အံ့ၾသမွင္သက္ေစခဲ့တယ္။ သတို႔သားဟာ အင္ဒိုနီး႐ွားလူမ်ဳိးျဖစ္ျပီး သတို႔သမီးကေတာ့ အဂၤလိပ္လူမ်ဳိးပါ။ ဒီထက္ထူးျခားတာက မိန္းကေလးဟာ ျဖဴျဖဴေဖြးေဖြး ေခ်ာေခ်ာေလးမို႔ သတို႔သားနဲ႔ မလိုက္ဖက္ဘူးလို႔ အမ်ားကဝုိင္းေျပာၾကပါတယ္။


မန္ခ်က္စကာမွ အဂၤလိပ္မိန္းကေလးကို သူဘာလို႔လက္ထပ္မိလဲဆိုတာ ေသခ်ာေတာင္မသိဘူးလို႔ Radheya ကေျပာပါတယ္။ ” ကၽြန္ေတာ့္အိမ္ေထာင္ေရးကို အေကာင္းဆံုးျဖစ္ေအာင္ ကၽြန္ေတာ္တည္ေဆာက္မယ္။ လူေတြ ဝုိင္းေျပာေနၾကတာ ကၽြန္ေတာ္သိေပမယ့္ အဓိက ကၽြန္ေတာ္တို႔ႏွစ္ေယာက္ခ်စ္ေနရင္ ျပီးေရာမဟုတ္လား”


သူတို႔တဲြေနခဲ့တာလည္း ၾကာျပီလို႔သိရပါတယ္။ Bali မွာ Radheya အလုပ္သြားလုပ္တုန္း Robison နဲ႔ေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။ ဒီလိုနဲ႔ ခ်စ္မိသြားၾကျပီး အတူတူအဂၤလန္ကိုသြားၾကတယ္။ အဲ့ဒီကေန တဲြလာလိုက္တာ လက္ထပ္ဖို႔ထိျဖစ္လာခဲ့ပါတယ္။ အားလံုးလည္း အံ့ၾသခဲ့ရသလို ဒါဟာ သူတုိ႔ရဲ႕ဖူးစာမွန္လို႔ညားတာဆိုျပီး ဂုဏ္ျပဳတဲ့လူ႐ွိသလို ေဝဖန္တဲ့လူေတြလည္း ႐ွိပါတယ္။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*