မင်္ဂလာပွဲမှာ ဟင်းလုရင်းရန်ဖြစ်ခဲ့ကြတဲ့ ပွဲလာဧည့်သည်များ (ရုပ်သံ)

မလေးရှားလူမျိုးတွေ ၊ အင်ဒိုနီးရှားလူမျိုးတွေ အတွက်ကတော့ Rendang ဆိုတဲ့ အမဲသားဟင်းပွဲတစ်မျိုးက မကြိုက်တဲ့သူမရှိလောက်အောင်ပါပဲ ။အဲ့လိုဟင်းပွဲမျိုးကြောင့် ရန်ဖြစ်ကြတယ်ဆိုတာကတော့ မဆန်းပါဘူး ။ ပြီးခဲ့တဲ့နေ့တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက မင်္ဂဆောင်ပွဲရဲ့ဘူဖေးတစ်ခုမှာ အမျိုးသမီးတစ်ယောက်က Rendang ဟင်းပွဲကို အမြောက်အများယူလွန်းလို့ ပွဲလာဧည့်သည်အမျိုးသမီးနှစ်ဦးရန်ဖြစ်စကားများကြတဲ့ Video တစ်ခုကို Twitter အသုံးပြုသူတစ်ဦးက ဝေမျှသွားခဲ့ပါတယ် ။ Video ထဲမှာတော့ အစိမ်ရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ဟာ ဘူဖေးယူတဲ့စားပွဲခုံမှာရပ်နေရင်း သူမ၏ပန်ကန်ထဲတွင်လည်း Rendang ဟင်းများစွာထည့်ပြီးနေပြီဖြစ်ပေမဲ့လည်း ဟင်းကိုဆက်ပြီးထည့်နေသောကြောင့် အပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အသံကျယ်ကြီးဖြင့်ဟင်းကိုဆက်မယူဖို့ အော်ဟစ်ခဲ့ပါတယ် ။

ထို့နောက် ၎င်းအမျိုးသမီးနှစ်ယောက်ဟာ အချင်းချင်းအော်ဟစ်ခဲ့ကြပြီး၊ အချို့သောပွဲလာဧည့်ပရိသတ်များကလည်း ရန်မဖြစ်ဖို့ဖျောင့်ဖျပေးခဲ့ကြပြီး ပွဲလာသောလူအများစုဟာ အဆိုပါနေရာမှာအတော်လေးအုံကြွသွားခဲ့ကြပါတယ် ။ နောက်ပိုင်းမှာတော့ ကိုယ်ထိလက်ရောက်အခြေအနေအထိသို့ရောက်ရှိသွားခဲ့ရပါတယ် ။

အချင်းချင်းတွန်းထုတ်ပြီး လက်ဖြင့်ရိုက်ပုတ်ခဲ့ကြပေမဲ့လည်း ၎င်းတို့ကိုင်ဆောင်ထားတဲ့ Rendong ဟင်းပန်ကန်ကိုတော့ကိုင်ထားစဲပါပဲ ။ ထို့ကြောင့် Twitter အသုံးပြုသူက Rendong ဟင်းပွဲဟာအရသာရှိလွန်းတဲ့အတွက် ယခုကဲ့သို့ရန်ဖြစ်သည့်အခြေအနေမျိုးထိရောက်ရှိခဲ့ခြင်းကို သဘောတူနားလည်ကြောင်း စနောက်ပြီးပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*