မီးသတ်သမားတွေကို တွေ့ချင်လွန်းလို့ နေအိမ် 12လုံးမီးရှို့ပစ်ခဲ့ကြတဲ့ မူလတန်းကျောင်းသား 2ဦး

လူတွေတိုင်မှာတော့ ကိုယ်စီအတုယူစံနမူနာထားကြတဲ့လူတွေရှိကြမှာပါပဲလေ ။ အဲ့လိုကိုယ်စံနမူနာထားကြတဲ့သူတွေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်အပြင်မှာတွေ့ရဖို့ကလည်း ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တစ်ခုလိုပါပဲ ။ ဒီတစ်ခေါက်မှာလည်း ကလေးငယ်လေးတွေဟာသူတို့အမှန်တကယ်ကို တွေ့ချင်နေခဲ့တဲ့ သူတို့လေးတွေသူရဲကောင်းလို့မှတ်ယူထားကြတဲ့သူတွေကို တွေ့ချင်လွန်းလို့မနေနိုင်တော့ဘဲ သူတို့လက်နဲ့ကိုယ်တိုင်ပြသာနာဖန်တီးမိခဲ့ကြပါတယ် ။ မလေးရှားနိုင်ငံက ခရီးသွားတွေအကြားမှာရေပန်းစားလေ့ရှိတဲ့ Kota Bharu ဒေသမှာရှိကြတဲ့ 10နှစ်အရွယ်ကောင်လေး နှင့် သူ၏အစ်ကိုတော်စပ်သူ 11နှစ်အရွယ်ကောင်လေးတို့ဟာ အဆိုပါဒေသတွင်ရှိနေသောနေအိမ် 12 လုံးကိုမီးရှို့ခဲ့ကြောင်း ရဲအရာရှိများက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ် ။

ကောင်လေးတွေကတော့ မီးသတ်သမားတွေ မီးငြိမ်းသတ်တဲ့လုပ်ငန်းတွေပြုလုပ်နေတာကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုချင်ခဲ့လို့ ယခုကဲ့သို့မီးရှို့ခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ် ။ သတင်းအရ ဒေသခံတစ်ဦးဖြစ်သူ Azri အမည်ရှိအမျိုးသားတစ်ဦး၏ပြောပြချက်အရ ပြီးခဲ့တဲ့ ကြာသပတေးနေ့ည 11:30 မှာ ၎င်းတို့၏နေအိမ်ကိုလူတစ်ယောက်ကမီးလာရှို့ခဲ့ကြောင်း ဇနီးဖြစ်သူကပြောဆိုခဲ့၍ အိပ်ယာမှထကာရွာ၏အခြားဧရိယာသို့ မီးမကူးစက်မှီအချိန်မီ မီးငြိမ်းသက်နိုင်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ထိုညမှာ သူ၏နေအိမ်တစ်လုံးတည်းကမီးလောင်ကျွမ်းခဲ့တာ မဟုတ်ပါဘူး ။

အိမ်နီးချင်းတစ်ဦးကလည်း သူတို့၏ ဆိုဖာထိုင်ခုံတစ်ဆက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းထွက်ဆိုခဲ့ကြသဖြင့် တစ်ရွာလုံးအတော်လေးစိတ်ဒုက္ခရောက်ခဲ့ကြပါတယ် ။ ကောင်လေးတွေအတွက်ကတော့ အဆိုပါအဖြစ်အပျက်ဟာ ပထမဆုံးအကြိမ်ကျူ းလွန်ခဲ့ခြင်းမျိုးမဟုတ်ခဲ့ပါဘူး ။ ပထမဆုံးအကြိမ်ကတော့ June လတုန်းက နေအိမ်တစ်လုံးကိုမီးရှို့ခဲ့တာဖြစ်ပြီး ၊ ဒုတိယအကြိမ်ကတော့ Eid al-Fitr ကျင်ပတဲ့နေ့တုန်းက အိမ်3လုံးမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ် ။တတိယအကြိမ်ကတော့ ရွာသားတွေရဲ့ပြောပြချက်အရ နေအိမ် 7လုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ် ။ နေအိမ်တစ်လုံးကတော့ Single mother တစ်ဦး နှင့် သူ၏သားသမီး 8ယောက်တို့ နေအိမ်ထဲမှာရှိနေတဲ့အချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် ။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်တိုင်ကြားစာရရှိခဲ့ကြတဲ့ ရဲအရာရှိများကတော့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာ အဆိုပါပြသာနာ၏အရင်းအမြစ်ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ အဲတာကတော့ ကောင်လေးနှစ်ယောက်ဟာ မီးသတ်သမားတွေမီးငြိမ်းသတ်နေကြတာကိုတွေ့ချင်လွန်းလို့ နေအိမ်များကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြပါတယ် ။ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက်မှာတော့ ညီအစ်ကိုနှစ်ယောက်ကို ရဲအရာရှိများကဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပါတယ် ။ ကောင်လေးနှစ်ယောက်ကို 2ရက်ခန့်ထိန်းသိမ်းထားခဲ့ပြီးနောက် ယနေ့မှာတော့ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*