ခိုးယူသူတွေရှိနေတာတောင် လက်မလျှော့ဘဲအပြုံးမပျက် ပေါင်မုန့်တွေဆက်ရောင်းနေတဲ့ မျက်မမြင်အဘွားအို

လူတွေမကြာခဏပြောလေ့ရှိတဲ့စကားကတော့ အလုပ်ကိုအပတ်တကုတ်ကြိုးစားပြီးလုပ်မယ်ဆိုရင် ဘဝမှာအောင်မြင်မှုတွေများစွာရရှိနိုင်တယ်ဆိုပေမဲ့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကအဘွားအိုတစ်ယောက်ကတော့ ဘဝမှာအရိုးသားဆုံးနေထိုင်ပြီးကြိုးစားခြင်းက အရာအားလုံးကိုအောင်မြင်နိုင်တယ်လို့ပြလိုက်တဲ့အတိုင်ပါပဲ ။ Aunt Nid အမည်ရှိတဲ့ အသက် 71နှစ်အရွယ် မျက်မမြင်အဘွားအိုဟာ သူမမျက်နှာပေါ်ကအပြုံလေးတစ်ခုနဲ့ သူမဘဝအတွက်အကောင်းဆုံးတိုက်ပွဲဝင်နေသူပါ ။ Aunt Nid ရဲ့ဘဝအကြောင်းကိုကြားရင်တော့ လူတိုင်းလိုလိုဘဝတည်ဆောက်ဖို့အတွက် အကောင်းဆုံးခွန်အားတွေရရှိနိုင်လောက်မှာပါ ။

အဘွားအိုဟာ မျက်စိမမြင်သည့်အပြင် အလုပ်ကြိုးစားပြီး တစ်ယောက်တည်းနေထိုင်နေသူလည်းဖြစ်ပါတယ် ။ ဘာလို့လည်းဆိုတော့ သူမမှာမိသားစုဝင်တွေလည်းမရှိသည့်အပြင် သူငယ်ချင်းဆိုတာလည်းမရှိလို့ပါ ။ ထို့အပြင် သူမ၏ဆွေမျိုးများဟာလည်း သူမ၏မိခင်ဆုံးပါးသွားကတည်ကသူမနှင့် သီးသန့်ခွဲနေသွားခဲ့ကြလို့ဖြစ်ပါတယ် ။ သို့ပေမဲ့လည်း သူမဟာဘဝကိုမရှုံးမပေးသည့်အပြင် ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့အတွက် တခြားနည်းလမ်းတွေနဲ့ဖြေရှင်းခဲ့ပါတယ် ။ အဲတာကတော့ ဘန်ကောက်မြို့ထဲမှာ အစာသွပ်ထားတဲ့ပေါင်မုန့်တွေရောင်ပြီး ဝင်ငွေရှာနေတာပါပဲ ။ သူမဟာတစ်ယောက်တည်းသူဖြစ်နေတဲ့အတွက် သူမကိုယ်တိုင်ပေါင်မုန့်ကိုစက်ရုံမှာသွားယူပြီး ကိုယ်တိုင်ရောင်းချနေတာပါ ။

သူမရဲ့ဆိုင်ကို မနက် 7နာရီမှာစဖွင့်ပါတယ် ။ ထို့နောက် 2နာရီ ကနေ 4နာရီခန့်အထိ ပေါင်မုန့်တွေကိုရောင်ချပါတယ် ။ ဘာလို့လည်းဆိုတော့ အဲ့လိုအချိန်မှ ဈေးဝယ်တွေကသူမအနား ပုံမှန်ဝယ်ယူလေ့ရှိလို့ပါ ။ သူမဟာ ပေါင်မုန့်တစ်လုံးကို 50 bhat နဲ့ရောင်းပြီး ပေါင်မုန့်တစ်လုံးမှ သူမ 5 bhat ပဲအမြတ်ရပါတယ် ။

ထို့အပြင်သူမရဲ့စီးပွားရေးလုပ်ငန်းဟာ စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေပါတယ် ။ ဘာလို့လည်းဆိုတော့ သူမဟာမျက်မမြင်တစ်ယောက်ဖြစ်နေတဲ့အတွက် အချို့သော မသိနားမလည်းတတ်ကြတဲ့သူများက သူမကိုပိုက်ဆံအတုတွေပေးပြီး ၊ သူမရဲ့ပေါင်မုန့်တွေကို ခိုးသွားကြလို့ပါ ။ သူမရဲ့မျက်စိအမြင်ချို့ယွင်းနေတာနဲ့ပက်သက်ပြီး အဲ့လိုပုံစံနဲ့တော့အခွင့်ကောင်းမယူသင့်ပါဘူးလေ ။ သို့ပေမဲ့လည်း Aunt Nid ဟာအပြုံးမပျက်ဘဲ သူမရဲ့ပေါင်မုန့်တွေကိုဆက်ရောင်းနေခဲ့ပြီး သူမရဲ့မျက်နှာပေါ်မှာတော့ မျှော့်လင်ချက်တွေ ခပ်မှိန်မှိန်လေးရှိနေတုန်းပါပဲ ။ ဒါ့ကြောင့်မို့ Aunt Nud လိုဘဝကိုအရိုးသားဆုံးနေထိုင်ပြီး အားမလျှော့ပဲကိုယ့်ဘဝအတွက် အကောင်းဆုံးဆက်ကြိုးစားပြီး နေထိုင်သင့်ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*