မွန်ဂိုလီးယားက အမဲလိုက် လင်းယုန်မုဆိုးတွေရဲ့ အကြောင်း

မွန်ဂိုလီးယားနိုင်ငံက တော့ အ ရှေ့ အာရှမှာရှိတဲ့ နိုင်ငံ တစ်နိုင်ငံပါ။(၂၀၁၈)ခုနှစ် တုန်းက ဖေ်ာပြ ချက် တွေ အရ ဆိုရင် လူဦးရေ (၃.၇)သန်း ပဲရှိပါတယ်။wiki မှာ ဖော်ပြ ထားတဲ့ မြန်မာနိုင်ငံရဲ့ (၂၀၁၈) လူဦးရေက (၅၃.၇၁)သန်း ရှိတာမို့ နှိုင်းယှဉ်ကြည့်ရင် လူဦး ရေ အရမ်းနည်းပါတယ်။သ ဘာ၀ အလှ တွေ ၊မျိုးနွယ်စု တွေရဲ့ ယဉ် ကျေးမှုတွေ ပေါ ကြွယ်ဝတဲ့ နိုင်ငံ တစ်ခုပါ။မွန်ဂိုလီးယားနိုင်ငံနဲ့ ပတ်သက်ပြီး လူသိနည်း ကြတဲ့ လင်းယုန် တွေ ကို သုံးပြီး အမဲ လိုက် ကြတဲ့ အမျိုးသမီး အမဲလိုက် လင်းယုန်မုဆိုး တွေ ရဲ့ အကြောင်းကို စာဖတ်သူတွေ အတွက် ဗဟုသုတ အ နေနဲ့ ဝေမျှ ပေးချင်ပါတယ်။

 

ဒီ ပုံတွေကိုတော့ ဂျာမန် ဓါတ်ပုံဆရာ Leo Thomas က က မွန်ဂိုလီးယားနိုင်ငံ Altai ဒေသ ကို သွားတုန်းက ရိုက် ထားတာပါ။ပုံတွေ ကိုတော့ သူ့ရဲ့ IG မှာ ရှယ်ထားတာပါ။သူ့ရဲ့ ခရီးစဉ်မှာတော့ မြင်ရ ခဲတဲ့ ရှားရှားပါးပါး အမျိုး သ မီး အမဲလိုက် လင်းယုန် မုဆိုး Zamanbol နဲ့ တွေ့ ဆုံ ခဲ့ပြီး ဒီပုံတွေ ကို ရိုက်ခဲ့တာပါ။လင်း ယုန် မုဆိုး (၁၀) ယော က်မှာ တစ်ယောက်က အမျိုးသမီးတွေပါ။ငယ်ငယ်တည်းက သူမရဲ့ အစ်ကို ဖြစ်သူ နဲ့ အတူ လင်းယုန် တွေကို လေ့ ကျင့်ပေးခဲ့တာပါ။Leo Thomas ကတော့ တကယ့်ကို မြင်ရခဲတဲ့ သဘာ၀ ပုံရိပ်တွေ ကို သူ့ရဲ့ မွန်ဂို လီးယား ခရီးစဉ် မှာ ရိုက်ယူခဲ့တာပါ။

 

သူတို့ နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ The Eagle Huntress ( 2016 ) ဆိုတဲ့ documentary film ကို ကြည့်ဖို့ ညွှန်းချင်ပါတယ်။အဲ့ဒီဇာတ်ကား ကတော့ မွန်ဂိုလီးယားမှာရှိတဲ့ အသက် (၁၃)နှစ် အရွယ် Aisholpan ဆိုတဲ့ မိန်းကလေး ရဲ့ အကြောင်းကို ပုံ ဖော်ထားတာပါ။သူမဟာ (၁၉၉၉)ခုနှစ်တုန်းက မွန်ဂိုလီး ယားနိုင်ငံ Ulgii မြို့ မှာ ကျင်းပတဲ့ လင်းယုန် ပွဲ တော်မှာ ဝင် ရောက်ယှဉ်ပြိုင် တဲ့ ပထမဆုံး အမျိုးသမီး လင်းယုန် အမဲ လိုက် မု ဆိုး ဖြစ်လာခဲ့သူပါ။

 

View this post on Instagram

 

A post shared by leo thomas (@theolator)

အဲ့ဒီ ဇာတ်ကားဟာ BAFTA Award မှာ Best Documentary ဆု အတွက် ဆန် ခါ တင်စာရင်းဝင်ခဲ့ပါတယ်။လင်းယုန်တွေနဲ့ အမဲ လိုက်တဲ့ ရိုးရာနဲ့ ပတ်သက်ပြီး ပြော ကြ တာ က တော့ ..Ural တောင်တန်းတွေ မှာနေတဲ့ မျိုးနွယ်စု တွေဟာ ယဉ်ပါး အောင် သေချာ လေ့ကျင့်ယူထားတဲ့ လင်းယုန် ငှက် တွေကို သုံးပြီး အမဲ လိုက် လေ့ရှိပါ တယ်။ကွန်မြူ နစ် ကာလ တုန်းက ကာဂျစ်က စတန် က Kazakh မျိုးနွယ် အများအပြားဟာ မွန်ဂို လီးယားကို ထွက်ပြေး လာခဲ့ပါတယ်။ Bayan-Ölgii ပြည်နယ်မှာ အ ခြေ ချ ေ နခဲ့ကြပါ တယ်။သူတို့ နဲ့ အတူ လင်းယုန်တွေနဲ့ အမဲလိုက်တဲ့ ဓလေ့ကိုပါ ယူဆောင်လာတာ လို့ ပြောကြပါတယ်။

Altai တောင်တန်းတည်ရှိရာ မွန်ဂိုလီးယား အ နောက်ပိုင်း Bayan-Ölgii မှာဆိုရင် အမဲ လိုက်တဲ့ လင်းယုန် ခန့်မှန်း ချေ အ ကောင် (၂၅၀) လောက်တောင်ရှိတယ်လို့ ပြောပါတယ်။အရင် တုန်းက တော့ မြေ ခွေးတွေကို အမဲ လိုက်တဲ့ နေရာမှာ သုံးတာပါ။အေး ပြီး နှင်းတွေ ကျ နေတဲ့ ဆောင်းရာသီလို အချိန် မှာဆိုရင် လင်းယုန် တွေ ကသာ မြေ ခွေးကို မြင် နိုင် တဲ့ အတွက် အဲ့လို အချိန် ရောက်ရင် အမဲ လိုက်ဖို့ သုံးခဲ့ ကြတာပါ။နောက်ပိုင်းမှာတော့ လင်းယုန်တွေနဲ့ အမဲ လိုက်တဲ့ စွမ်းရည်ကို ယှဉ်ပြိုင် တဲ့ Golden Eagle Festival ကို ကျင်းပလာကြပါတယ်။ဒီပွဲကို တော့ Bayan-Ölgii မှာ နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလရဲ့ ပထမဆုံး သီတင်းပတ်မှာ ပုံမှန် ကျင်းပ ကြပါတယ်။အဓိက က တော့ မြေခွေး၊တောယုန်တို့ လို အ ကောင်တွေကို အမဲလိုက်ပြီး လင်းယုန်နဲ့ သူတို့ကို လေ့ကျင့်ပေးတဲ့ သခင်တွေရဲ့ စွမ်း ရည်ကို ပြသ ကြတာပါ။အကောင်းဆုံး စွမ်းရည်ပြသ နိုင်သူကိုတော့ Kazakh ရိုးရာဝတ်စုံနဲ့ တခြားအရာ တွေ ကို ဆု အဖြစ် ချီးမြှင့်လေ့ရှိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*