
တစ်နေ့ တစ်နေ့ ရည်းစားချစ်သူတွေရဲ့စကားများ ရန်ဖြစ်ရတဲ့ပြဿနာတွေဟာလည်း ပြီးတော့မယ်မထင်ပါဘူး။ အခုလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing က စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက်ရဲ့ဖုန်းအပြုတ်ခံရမှုဟာ ရယ်ရမလို ငိုရမလိုပါပဲ။
ရည်းစားနဲ့အတူတူ ဟော့ပေါ့စားနေရင်း ဖုန်းကိုပဲကြည့်နေလို့ဆိုပြီး ကောင်မလေးက ဒေါသထွက်ကာ မတ်တပ်ထရပ်ပြီး ရန်ရှာနေပြီ။ အဲ့ဒါတောင် ဖုန်းကိုလက်က မချပဲ အေးဆေးပြန်စကားပြောနေပါတယ်။ ဘေးကလူတွေကလည်း ဝိုင်းကြည့်လို့။
နောက်တော့ ကောင်မလေး စိတ်မထိန်းနိုင်ဘဲ လက်ထဲက ဖုန်းကိုဆွဲယူပြီး ဟော့ပေ့ါအိုးထဲ ပစ်ထည့်ခဲ့လိုက်ပါတယ်။ ထည့်ပြီးပြီးချင်း အိတ်ဆွဲပြီး ဆိုင်ထဲကထွက်လာလိုက်တယ်။ ကောင်လေးကတော့ ဆိုင်ထဲမှာကျန်ခဲ့ပြီး သူ့ဖုန်းကို ဟော့ပေါ့အိုးထဲကပြန်ဆယ်ဖို့ လုပ်နေပါတယ်။ ဝန်ထမ်းတွေကလည်း သူ့ကို ကူပြီးဖုန်းပြန်ယူပေးခဲ့တယ်။
Leave a Reply