သိန်းထောင်ချီ ချမ်းသာနေတာတောင် တောင်းစားတဲ့အလုပ်ကို မရပ်နိုင်တဲ့ အမျိုးသား

တချို့လူတွေကတော့ ပိုက်ဆံကို လွယ်လွယ်ကူကူ သိပ်လိုချင်တတ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဝါတန်ဂါပြည်နယ်က အမျိုးသားတစ်ယောက်ဆိုရင် သာမန်လူတန်းစားထက်တောင် မြင့်တယ်လို့ ပြောလို့ရတဲ့ အခြေအနေရှိပေမယ့်

သူတောင်းစားအလုပ်ကို လုပ်နေခဲ့ပါတယ်။Legiman လို့ အမည်ရတဲ့ ၅၂ နှစ်အရွယ် အမျိုးသားဟာ လမ်းပေါ်မှာ တောင်းရမ်းနေစဉ် အင်ဒိုအာဏာပိုင်တွေရဲ့ အိမ်ယာမဲ့နဲ့ သူဖုန်းစား ရှင်းလင်းရေး အော်ပရေးရှင်းတစ်ခုမှာ အထိန်းသိမ်းခံခဲ့ရပါတယ်။

ရဲတွေက Legiman ကို စစ်ဆေးခဲ့ချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အံ့သြစရာ သိခဲ့ရပါတယ်။ Legiman မှာ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ နီးပါးတန် အိမ်တစ်လုံး၊ ဒေါ်လာ ၁၉,၀၀၀ တန်ဖိုးရှိတဲ့ မြေကွက်တွေအပြင် ဒေါ်လာ ၆၀,၀၀၀ ကျော်ကိုပါ ဘဏ်ထဲမှာ ထည့်ထားပါသေးတယ်။ ဒါတွေဟာ အင်ဒိုငွေနဲ့ဆို ရင်းဂစ် ၄ သိန်း တောင် ရှိပါတယ်။“သူ့ကို ဖမ်းမိတာ ၁၉၂ ရင်းဂစ် နဲ့ပါ။ အရင်က ဖမ်းမိတုန်းကဆို ၂၉၀ ရင်းဂစ်နဲ့ ပိုတောင်များပါသေးတယ်” လို့ အာဏာပိုင်တွေထဲက တစ်ဦးဖြစ်တဲ့ Udhi Nugroho က ဆိုပါတယ်။

ယခင်ဖမ်းဆီးမှုတွေမှာဆိုရင် ATM ကတ်တွေနဲ့ ငွေစုစာအုပ်တွေ ပိုင်တဲ့ သူဖုန်းစားတွေကိုတောင် တွေ့ခဲ့ရဖူးကြောင်း Udhi က ပြောပြခဲ့ပါတယ်။ အခုဆိုရင်တောင် သူတောင်းစားသူဌေးလို့ ဆိုရနိုင်တဲ့ Legiman ကို ပြန်လွှတ်ပေးထားပါတယ်။ လမ်းပေါ်မှာ ထပ်မတောင်းရမ်းဖို့သာ သတိပေးခဲ့ကြပါတယ်။ အများပြည်သူကိုလည်း သူတောင်းစားတိုင်းကို ဆင်းရဲတယ် အထင်နဲ့ ပိုက်ဆံတွေ စွတ်မပေးဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*