ဂျင်းဘောင်ဘီဒူးပြဲစတိုင်ကို ဝတ်ထားမိတဲ့မိန်းကလေးနဲ့အဖိုးအိုရဲ့ဇာတ်လမ်း (ရုပ်သံ)

အသက်ရွယ်အားဖြင့်တော်တော်ကြီးပြီလို့ပြောလို့ရတဲ့ အဖိုးအိုတစ်ဦးနဲ့ ဂျင်းဘောင်ဘီအပြဲစတိုင်ဝတ်ထားတဲ့ကောင်မလေးတို့ Video ဟာ တရုတ်နိုင်ငံက Social Media တစ်ခွင်မှာတော်တော်ကိုခေတ်စားနေပါတယ်။

ဖြစ်ပုံကဒီလိုပါ…Public Area တစ်ခုမှာ ဂျင်းဘောင်ဘီဒူုးပြဲစတိုင်ကို ဝတ်ထားတဲ့မိန်းကလေးကို အဖိုးအိုကမြင်တော့ ဒီကလေးမလေးကို အတင်းပိုက်ဆံထိုးပေးတော့တာပါပဲ။ အားလုံးကလည်းတစ်အံ့တစ်သြနဲ့ဖြစ်နေခဲ့တာပါ။ မိန်းကလေးက ဘောင်ဘီအပြဲကြီးကို ဝတ်ထားလို့သနားလို့ဆိုပြီး ဂျင်းဘောင်ဘီဝယ်ဝတ်ဖို့ပေးတယ်လို့ဆိုပါတယ်…လူကြီးတွေဆိုတော့ ဒီလိုစတိုင်ထုတ်ပြီးအပြဲပုံစံရွေးဝတ်ထားတာကို မသိဘူးပေါ့လေ…

အဖိုးအိုရဲ့ ပိုက်ဆံအတင်းပေးပြီး ဂျင်းဘောင်ဘီဝယ်ခိုင်တဲ့ ပုံစံလေးကချစ်လည်းချစ်ဖို့ကောင်းသလို တော်တော်လည်းနာမည်ကြီးသွားခဲ့ပါတယ်။ အောက်မှာတော့ video အတိုလေးကိုကြည့်ရှုခံစားလို့ရအောင်ထည့်ပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*