
အမျိုးသမီးတစ်ယောက်ဟာ မင်္ဂလာဆောင်မှာ ပေးအပ်တဲ့ မင်္ဂလာပန်းစည်းပေါင်း ၄၆ခုတိတိ ရရှိခဲ့ဖူး ပေ မယ့် အခုအချိန်အထိအိမ်ထောင်မကျသေးပဲ တစ်ယောက်တည်းသမား အဖြစ် ဆက်လက် ရပ်တည်နေ ရပါတယ်။
အသက် ၃၇ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Jamie Jackson ဆိုသူ အမျိုးသမီးဟာ မင်္ဂလာဆောင်ပွဲပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ဖူးပြီး သူမအတွက် ပထမဆုံးမင်္ဂလာဆောင်ပန်းစည်းကို ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သူမဟာ မင်္ဂဆောင်ပန်းစည်းတွေ စုဆောင်းရတာကို ဝါသနာပါလာခဲ့ပြီး မင်္ဂဆောင္အဖိတ်ခံရတိုင်းလည်း မင်္ဂလာဆောင် ပန်းစည်းကို ဖမ်းမိနိုင်ဖို့သာကြိုးစားနေမိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမဟာ မင်္ဂဆောင် ပန်းစည်းတွေအများကြီး ရရှိထားပြီး အိမ်ထောင်မကျသေးသူအဖြစ် ဂရင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးစားနေ တယ်လို့လည်း သိရပါတယ်။
သူမဟာစုဆောင်းရရှိထားတဲ့ မင်္ဂလာဆောင်ပန်းစည်း ၄၆ ခုကို မှန်ဗီရိုထဲမှာမင်္ဂဆောင်သူတွေရဲ့ အမည်နဲ့ ရက်စွဲတွေကိုပါ အတူတကွ မှတ်သားထားပြီး စုဆောင်းထားတယ်လို့ သိရပါတယ်။ သူမဟာ မင်္ဂလာဆောင် ပန်းစည်း ၅၀ တိတိ ရရင်ဂရင်းနစ်စံချိန် တင်နိုင်မှာ ဖြစ်တဲ့အတွက် မင်္ဂလာဆောင် ပန်းစည်းနောက်ထပ် ၄ခု ထပ်မံ ရရှိအောင် ကြိုးစား သွားမယ်လို့လည်း သိရပါတယ်။
Leave a Reply