မြွေပုံကြီးထဲကနေ မြွေတွေကို သွားဆွဲထုတ်ရဲတဲ့ ကလေးလေးရဲ့ အသည်းယားဖွယ်ဗီဒီယို

မြွေပုံကြီးထဲကနေ မြွေတွေကို သွားဆွဲထုတ်ရဲတဲ့ ကလေးလေးရဲ့ အသည်းယားဖွယ်ဗီဒီယို

စကားတောင် မပြောတတ်သေး၊ လမ်းတောင် သိပ်မလျှောက်တတ်သေးတဲ့ ကလေးလေးတစ်ယောက်ဟာ အကြောက်အလန့်မရှိ မြွေကြီးတွေနဲ့ လုံးထွေးကစားနေတဲ့ ဗီဒီယိုဖိုင်ကတော့ ယခုရက်ပိုင်း အွန်လိုင်းပေါ်က လူတွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။

ကလေးလေးကို သူ့ဖခင်က ဗီဒီယိုရိုက်ပေးနေတာဖြစ်ပြီး ကလေးလေးက ကော်ဇောကို လှန်လိုက်ချိန်မှာတော့ အကောင်ပေါင်းများစွာ လူးလွန့်နေတဲ့ မြွေအခွေအပုံလိုက်ကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ကလေးငယ်လေးက မြွေသိုက်ကြီးထဲက မြွေတွေကို ဆွဲထုတ်ယူနေခဲ့ချိန်မှာလည်း သူ့မိဘတွေက ဝိုင်းအားပေးနေခဲ့ကြပါတယ်။ ကလေးလေးဟာ မြွေတွေကို ဆွဲထုတ်ကာ သူ့မိဘတွေကို ပြန်ပြနေခဲ့ပြီး ပါးစပ်ကလည်း စကားတွေကို မသဲမကွဲ ပြောနေခဲ့ပါသေးတယ်။

မိမိရဲ့ရင်သွေး တစ်စုံတစ်ရာ ထိခိုက်သွားမှာ စိုးရိမ်ပုံမရတဲ့ ဖခင်ကလည်း ကလေးလေး လာပေးတဲ့ မြွေတွေကို ယူယူပြီး အိတ်ကြီးထဲ ထည့်နေခဲ့ပါတယ်။ ထိုဗီဒီယိုဖိုင်ကတော့ တရုတ်နိုင်ငံတစ်နေရာမှာ ရိုက်ကူးခဲ့တယ်လို့ ယူဆရပြီး ၎င်းတို့ မိသားစုဟာ မြွေမွေးမြူရေး လုပ်ကိုင်နေတယ်လို့ ဆိုကြပါတယ်။ ဗီဒီယိုပြီးခါနီးမှာတော့ ကလေးမိခင်ဟာ ကလေးကို မြွေတွေနဲ့ ဆော့ချိန် ပြီးပြီဆိုတဲ့ ပုံနဲ့ ကလေးလေးကို ဂိုဒေါင်ထဲကနေ ခေါ်ထုတ်လိုက်ပါတယ်။ ကလေးငယ်လေးကတော့ မြွေတွေနဲ့ ဆက်ဆော့ချင်နေသေးလို့ ဂျီကျနေခဲ့ပါသေးတယ်။

ဗီဒီယိုထဲက မြွေတွေရဲ့ မျိုးစိတ်တွေကိုတော့ အတိအကျသိရခြင်း မရှိပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*