Tour Guide နဲ့အတူ ခရီးသွားရင်း ဒီလိုဖူးစာဆုံလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ…

Bhutan သို့ စင်ကာပူဂျာနယ်လစ်တစ်ယောက် ခရီးသွားရင်း မထင်မှတ်ထားတဲ့ဖူးစာနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ Karen Lim ဟာ သူမရဲ့ဘလော့အတွက် စာရေးဖို့ Bhutan သို့ခရီးထွက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကို tour guide နဲ့အတူတူ ခရီးသွားခဲ့တာပေါ့။ တကယ်တော့ Bhutanကို ခရီးသွားဖို့ စီစဉ်နေခဲ့တာ၁ဝနှစ်လောက်ရှိပြီလို့ သိရပါတယ်။ နောက်ဆုံးတော့ သူမသွားနိုင်ခဲ့ပါပြီ။


Bhutan မြို့ရဲ့သမိုင်းဝင်နဲ့ ယဉ်ကျေးမှုတွေအကြောင်းနားလည်တဲ့ tour guide တစ်ယောက်နဲ့ သူမခရီးသွားခဲ့ရပါတယ်။ သူက Limရဲ့ သိချင်တာတွေ အားလုံးဖြေပေးသလို သွားချင်တဲ့နေရာတွေကိုလည်း ရောက်အောင်လိုက်ပို့ပေးပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ကြား သံယောဇဉ်တွယ်ခဲ့ပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။ သူမ စင်ကာပူပြန်သွားတော့လည်း သူကလိုက်လာပြီး new year ပွဲတော်ကိုအတူတူဖြတ်သန်းကြပါတယ်။ လက်ထပ်ဖို့အထိနှစ်ယောက်သားဆုံးဖြတ်လိုက်ပြီးနောက် Bhutan မြို့မှာပဲ ပွဲကိုကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ရဲ့ကြည်နူးစရာ ဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*