မိခင်ကြီးရဲ့ပင်ပန်းမှုတွေကို ငြိမ်အေးစေဖို့ကူညီပေးတဲ့လေးစားစရာကလေးငယ်

တရုတ်နိုင်ငံက လူအများကြားရေပန်းစားနေတဲ့ ဒီကောင်လေးအကြောင်းကိုပြောပြပါမယ်။ Long Guotao ဆိုတဲ့ အသက် ၁၁ နှစ်အရွယ်ကောင်လေးပါ။ ဆင်းရဲနွမ်းပါးပြီး လမ်းတွေပေါ်မှာသန့်ရှင်းရေးလုပ်ရတဲ့သူ့မိခင်ကြီးရဲ့အကူညီနဲ့ဒီအရွယ်ထိကောင်းမွန်စွာကြီးပြင်းလာခဲ့ပါတယ်။

၁၁နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင်မိဘအပေါ်သိတတ်ပြီး ကူညီဖေးမလိုစိတ်အပြည့်ရှိသူလေးပါ။ သူ့ရဲ့မိခင်ပြောပြချက်အရ သူ့မိခင်ဟာ တစ်နေ့သူလုပ်နေကြလမ်းပေါ်မှာ သန့်ရှင်းရေးအလုပ်ကို လုပ်ပြီးပြန်အလာပင်ပန်းတဲ့အကြောင်း ကိုပြောရင်း မောဟိုက်နေတာကို ကောင်လေးကတွေ့သွားပြီးနောက်နေ့ကစသူပါလိုက်ပြီးသူ့မိခင်ကိုကူညီတယ်လို့သိရပါတယ်။

နေ့စဉ်သူ့မိခင်နဲ့လမ်းပေါ်မှာ သန့်ရှင်းရေးအလုပ်ကို ကူလုပ်ရင်း သူ့မိခင်ရဲ့မောပန်းမှုတွေကို နည်းသွားအောင်မျှဝေပေးချင်တယ်လို့လည်းဆိုပါတယ်။ ကလေးငယ်လေးကအားရင်အားသလိုသန့်ရှင်းရေးတင်မဟုတ်ပဲ လမ်းပေါ်ကဘူးအလွတ်တွေ စက္ကူတွေကို လိုက်လံကောက်တဲ့အလုပ်ကိုပါသူ့မိခင်အတွက်လုပ်ကိုင်ပေးတယ်လို့သိရပါတယ်။

၁၁နှစ်အရွယ်ကျောင်းသားတစ်ယောက်အနေနဲ့သူ့ရဲ့မိဘအပေါ်သိတတ်စိတ်ကတော့ရှားမှရှားပါပဲ။ သူ့ရဲ့လုပ်ရပ်ကိုကြည့်ပြီးသဘောကျတဲ့သူတော်တော်များများက လွယ်အိတ်လေးတွေ ဖိနပ်လေးတွေစာအုပ်တွေဝယ်ပေးပြီး ဒီကလေးပညာရေးတိုးတတ်အောင်ကူညီပေးကြတယ်လို့လည်းသိရပါတယ်။ ဟန်ပြမဟုတ်ပဲ မိဘအပေါ်တကယ်ကူညီတဲ့ ဒီကလေးလို ကလေးမျိုးဟာ အသက်ရွယ်နဲ့မလိုက်အောင်ကိုလေးစားချီးကျူးစရာပါပဲ…

Be the first to comment

Leave a Reply

Your email address will not be published.


*