Group Photoရိုက်ရင်း ပုံထဲမှာသေဆုံးပြီးသားကောင်မလေးတစ်ဦးပါဝင်လာ

နာမည်ကျော် Ghost Hunter တစ်ယောက်ဖြစ်တဲ့ Phillip Barron ဟာ သူ စိတ်ဝင်တစားရှိခဲ့တဲ့ ဓာတ်ပုံတစ်ခုကို ဖုန်းနဲ့ ပြန်လည်ရိုက်ယူခဲ့ပါတယ်။ အဲဒီဓာတ်ပုံဟာ စိတ္တဆေးရုံတစ်ခုရှေ့မှာ လူအုပ်စုတစ်ခု မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတစ်ခု ဖြစ်ပါတယ်။ Phillip ဟာ အဲဒီဓာတ်ပုံကို သေချာ စစ်ဆေးမှုမရှိဘဲ အခြားဓာတ်ပုံတွေနဲ့ လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်ရက်မှာ အဆိုပါဓာတ်ပုံဟာ Facebook မှာ အံ့မခန်းအောင် Like နဲ့ Share ရရှိထားပြီး၊ ထင်မြင်ချက် မျိုးစုံကလည်း Phillip ကို စောင့်ကြိုလို့ နေပါတယ်။ အကြောင်းကတော့ ဓာတ်ပုံထဲမှာ သေဆုံးခဲ့ပြီဖြစ်တဲ့ ကောင်မလေးဟာ ထင်ထင်ရှားရှား ပြန်ပါလာခဲ့ြံပီး၊ ဒါကို ဒီလူအုပ်စုဓာတ်ပုံထဲမှာ ပါဝင်တဲ့ ကာယကံရှင်တွေက စတင်သတိထားမိခဲ့ရာက ဂယက်တွေ ဖြစ်ပေါ်ခဲ့တာပါ။

Phillip က ” ကျနော်တို့ သရဲမုဆိုးတွေဟာ ဒီလို လူအုပ်စုဓာတ်ပုံတွေနဲ့ အလုပ်တွေ စတင်ရလေ့ရှိပါတယ် .. အရင်က လည်း ခဏခဏ ကြုံခဲ့ရပါတယ် … အခု ဒီဓာတ်ပုံကတော့ ကျနော် ဖုန်းနဲ့တစ်ဆင့် ပြန်ရိုက်ယူလာတဲ့ ဓာတ်ပုံပါ … တကယ့်ကို ကျနော်လည်း ဘာမှ မစစ်ဆေးရသေးဘဲ တစ်ခြားဓာတ်ပုံတွေနဲ့ Facebook ပေါ် တင်ခဲ့တာပါ “လို့ ဝန်ခံခဲ့ပါတယ်။

Phillip ဟာ Ghost Hunt လုပ်ငန်းတွေကို 12 နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ဝါရင့်သရဲမုဆိုးဖြစ်ပြီး၊ Haunted Happenings အမည်ရ Event ကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။ ယခုဓာတ်ပုံရဲ့ မူရင်းဟာ Newsham Park Hospital အမည်ရ လီဗာပူးမြို့က စိတ္တဇဆေးရုံဟောင်းမှာ ဖြစ်ပါတယ်။ အဆိုပါနေရာဟာ 2000 ပြည့်နှစ် အစောပိုင်းတုန်းက လီဗာပူးမြို့ရဲ့ သရဲအခြောက်ဆုံး နေရာထဲမှာ တစ်ခု အပါအဝင်ပါ။

1992 ခုနှစ်မှာ ယင်းစိတ္တဆေးရုံကို အပြီးပိတ်သိမ်းခဲ့ပြီး၊ လူမနေတာကြာတော့တဲ့ အဆောက်ဦကြီးဟာ ပတ်ဝန်းကျင်မှာ ပိုပြီး ခြောက်ခြားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။ အဆောက်ဦးတွေကို 1869 ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး၊ Grade II စာရင်းဝင် ဖြစ်ခဲ့ပါတယ်။ 2007 ခုနှစ်မှာတော့ ပေါင် 1.5 သန်း အကုန်အကျခံပြီး ဈေးအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ရာ နေရာလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*