ဖုန်းဆိုင်ထဲမှာ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဘောင်းဘီထဲ ချီးပါချခဲ့တဲ့ အမျိုးသား(ရုပ်သံ)

တော်တော်လေးကို ဗရုတ်သုတ်ခကျလွန်းတဲ့အခြေအနေလို့ပြောလို့ရပါတယ် ။ လူကြားထဲမှာ ချီးပေါက်တဲ့ဖြစ်ရပ်မျိုးကိုတော့ လူတိုင်းလိုလိုကြုံဖူးကြပေမဲ့ ဝမ်းမကောင်းဘူးဆိုရင်တော့ ချီးပေါက်ရင်တောင်ထွက်ကျတတ်လို့ယုံလို့မရပါဘူး ။ မကြာသေးခင်ကမှ ဖုန်းဆိုင်တစ်ခုမှာအမျိုးသားတစ်ယောက်ဟာ မတော်တဆဘောင်းဘီထဲချီးပါချခဲ့ပေမဲ့လည်း တည်ငြိမ်အေးဆေးစွာနဲ့ပဲ သူ၏လုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေခဲ့ပါတယ် ။

အဆိုပါ 15 စက္ကန့်သာကြာမြင့်တဲ့ Video ထဲမှာတော့ ဖုန်းဆိုင်ထဲမှာ အပြာရောင်ဘောင်းဘီအတိုနဲ့ T-shirt အမဲရောင်ဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦးဟာ သူဝယ်ထားတဲ့ပစ္စည်းတစ်ခုကို စိတ်ရှည်ရှည်ထားပြီးစောင့်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း တိတ်တဆိတ်ချီးပေါက်လိုက်တယ်လို့သာထင်ရတဲ့အဆိုပါအမျိုးသားဟာ သူမျှော်လင့်ထားတာထက်ပိုဆိုးဝါးတဲ့ အခြေအနေသို့ရောက်ရှိသွားခဲ့ရပါတယ် ။ အဲတာကတော့ အဆိုပါအမျိုးသား၏ခြေထောက်ကနေ ကြမ်းပြင်ပေါ်သို့ အညိုရောင်အရည်များကျလာခဲ့ပြီး သူ၏ဘောင်းဘီထဲတွင်လည်း အခြားအရာများကျန်ရှိနေသေးပုံရပါတယ် ။ ပြောရမယ်ဆိုရင်တော့ အဆိုပါအမျိုးသားဟာ ဝမ်းလျှောနေပုံရပါတယ် ။ အစပိုင်းမှာတော့ဘားမှမဖြစ်ဘူးလို့ထင်နေခဲ့တဲ့ အဆိုပါအမျိုးသားဟာ တစ်ခုခုဖြစ်နေပြီဆိုပြီးအောက်ဖက်ကိုငုံ့ကြည့်လိုက်ချိန်မှာတော့ မထင်မှတ်ထားတဲ့မြင်ကွင်းကိုတွေ့သွားခဲ့ပါတော့တယ် ။

အခြားသူတွေသာဆိုရင်တော့ ၎င်းအဖြစ်အပျက်အတွက်အံ့သြထိတ်လန့်သွားပြီး အတော်လေးရှက်သွားခဲ့ကြမှာဖြစ်ပေမဲ့လည်း အဆိုပါအမျိုးသားကတော့သူ၏ခြေထောက်အောက်ခြေမှာ အများအပြားစုပုံနေတဲ့အခြေအနေဖြစ်ပေမဲ့လည်း ပုံမှန်အဖြစ်အပျက်တစ်ခုလိုသာ သတ်မှတ်ခဲ့ပြီး သူ့၏ဖုန်းကိုထုတ်ပြီး ဆော့ကစားနေခဲ့ပါတယ် ။ ထို့်အပြင် ဘာကိုမှမရိတ်မိခဲ့တဲ့ဆိုင်ဝန်ထမ်းမှာတော့ သူ၏အလုပ်ကိုသာအာရုံစိုက်ပြီးလုပ်နေခဲ့ပါတယ် ။ နောက်ပိုင်ဘာဆက်ဖြစ်လဲဆိုတာကတော့ သေချာမသိခဲ့ရပေမယ့်လည်း အဆိုပါအဖြစ်အပျက်ကတော့ စက်တင်ဘာလ 3ရက်နေ့ ည 11:54 အချိန်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် ။

မရှက်မကြောက်တဲ့ အဆိုပါအမျိုးသားရဲ့အပြုအမှုကို လူအများစုကတော့အတော်လေးအံ့သြနေခဲ့ပါတယ် ။ ထို့အပြင် ဆိုင်ဝန်ထမ်းမှာလည်း ၎င်းအနံ့အသက်ကိုအတော်လေးခံစားခဲ့ရပုံရပါတယ် ။ အချို့သောသူများကတော့ အဆိုပါအမျိုးသား၏မစင်များဟာ ချောချောချူချူ ဆင်းသွားခဲ့တာဖြစ်တဲ့အတွက် အထဲခံဝတ်ထားခဲ့ပုံ မရကြောင်းပြောဆိုသွားခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*