
သင့်အနေနဲ့ တည့်တည့်သွားလို့ မရဘူးဆိုရင်… ကွေ့ဝိုက်ပြီးသွား လိုက်ပါ ဆိုတဲ့သဘောပါပဲ
တရုတ်နိုင်ငံက အလွန်တရာကိုမှ ခေါင်းမာတဲ့မိသားစုဝင်သုံးစု ကြောင့်မော်တော်ယာဉ်လမ်းမတလျှောက်ကို တစ်ပတ်ကြီးကွေ့ ပတ်ပြီး မောင်းနှင်နေရတာက သိပ်ကိုစိတ်ပျက်စရာကောင်းပါ တယ်။
ဂန်ဂျိုးပြည်နယ်က လမ်းဖောက်အလုပ်သမားအသင်းက ပုလဲမြစ်နဲ့ ချိတ်ဆက်ပြီး ဖောက်လုပ်မယ့် ဥမင်လှိုဏ်ခေါင်းမော်တော်ယာဉ် လမ်းမတစ်ခုအတွက် လမ်းကြောင်းမြေနေရာမှာ မလွတ်ကင်းတဲ့ အဆောက်အအုံ၊ အိမ်နေရာတွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းပြီး ဖယ်ရှားရှင်းလင်းနေတာဖြစ်ပါတယ်။
ဒီလမ်းမအတွက် နောက်ဆုံးဖယ်ရှားပေးရမယ့် မိသားစု ၃ စုရဲ့ နေအိမ် တွေက ဖယ်ရှားပေးဖို့သဘောလုံးဝမတူပဲ ဆက်လက်ခေါင်းမာ နေတာကြောင့် မော်တော်ယာဉ်လမ်းမကြီးမှာပဲ ကန့်လန့်ခံလို့နေခဲ့ ပါတယ်။
ဒီ့အတွက်ကြောင့် နောက်ဆုံးဖယ်ရှားလို့ မရတော့တဲ့အဆုံးမှာပဲ ဒီ အိမ်နေရာတွေကို ချန်လှပ်ထားပြီးလမ်းဖောက်လုပ်မှုကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ လမ်းကြောင်းဖြတ်သန်းသွားလာမှုက ၃၆၀ ဒီ ဂရီအထိကို ကွေ့ပတ်ရှောင်ပြီးသွားရတာကြောင့် သိပ်ကိုအဆင်မ ပြေလှပါဘူး…
Leave a Reply