ဆာဂျရီအလုပ်လွန်ပြီး ဖြစ်သွားတဲ့မျက်နှာကြောင့် လူအများဆွံအခဲ့ရ

လူအများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့အတွက် ခွဲစိတ်ပြုပြင်မှုတွေ လုပ်လာကြပါပြီ။ ငွေကြေးလေးတတ်နိုင်တာနဲ့ ကိုယ့်ရဲ့မျက်နှာပေါ်က သဘောမကျတဲ့ အစိတ်ပိုင်းတွေကို ဖြတ်တောက်ပစ်ပြီး အစားထိုးလာကြပါတယ်။


လှသွားတဲ့လူတွေလည်းရှိသလို တစ်ချို့က အပြင်လွန်ပြီး လူရုပ်တောင် မထွက်တော့တဲ့သူတွေ အများကြီးပါပဲ။ အခုလည်း ရုရှား- ဂျပန်စပ် အမျိုးသားတစ်ယောက်ရဲ့မျက်နှာကို ကြည့်ပြီး လူတွေ ဆွံအခဲ့ရပါတယ်။

သူ့ရဲ့နာမည်က Liu Zi ဖြစ်ပြီး ယုံကြည်မှုပိုရှိအောင်ဆိုပြီး မျက်နှာခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်ဘက်ကချိန်ချိန် အချိုးကျတဲ့မျက်နှာဖြစ်နေအောင် V-shape မျက်နှာလုပ်ခဲ့ပါတယ်။


အရင်က သူ့ရဲ့မျက်လုံးဟာမှေးပြီး မျက်နှာလည်း နည်းနည်းကြီးပါတယ်။ သူကိုယ်တိုင် သူ့ရဲ့မျက်နှာကိုဘယ်လိုမှ သဘောမကျတော့ ပြောင်းလဲလိုက်ပါတော့တယ်။ သူ့ကိုကြည့်ပြီး မိတ်ဆွေသူငယ်ချင်းတွေကတောင် မမှတ်မိတော့ပဲ လူမှားခဲ့ရတယ်။

သူ့ရဲ့ပြောင်းလဲမှုအပေါ် အင်တာနက်သုံးစွဲသူများက အဆိုးဘက်ကဝေဖန်သလို အကောင်းဘက်နေပြောတဲ့လူတွေလည်းရှိပါတယ်။ တစ်ချို့က ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြင်တာ အကုသိုလ်ဝင်မယူကြဖို့ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ပြောင်းလဲမှုကတော့ တကယ်ကိုဆွံအချင်စရာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*