မင်္ဂလာပွဲတစ်ခုမှာ ကိုယ့်နဲ့ရုပ်ချင်းချွတ်စွတ်တူနေတဲ့သူကိုတွေ့လိုက်လို့ တအံ့တသြဖြစ်ခဲ့ရတဲ့ အမျိုးသား (ရုပ် / သံ)

မင်္ဂလာပွဲဆိုတဲ့အမျိုးက ရောက်ရှိလာတဲ့ဧည့်သည့်တွေကို စိတ်ခံစားချက်အမျိုးမျိုးဖြစ်စေတတ်ပါတယ် ။ အထူးသဖြင့် မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေ ဒါမှမဟုတ် အထက်တန်းကျောင်းတက်တုန်းကအတော်လေးကိုမုန်းခဲ့တဲ့သူတွေနဲ့ ပြန်လည်ဆုံတွေ့လေ့ရှိလို့ပါ ။ သို့ပေမဲ့လည်း အကုန်လုံးကတော့ သတို့သားနဲ့သတို့သမီးတို့ရဲ့မင်္ဂလာပွဲနေ့ကို လာရောက်ပြီးအောင်ပွဲခံပေးကြတာပါပဲ ။

မကြာသေးခင်က မင်္ဂလာပွဲတစ်ခုမှာ အမျိုးသားဧည့်သည်တစ်ယောက်ဟာ သူနှင့်ကွဲကွာတာကြာနေပြီဖြစ်တဲ့ အမြွာညီအစ်ကိုတစ်ဦးနှင့် တအံ့တသြပြန်လည်တွေ့ဆုံခဲ့ရပါတယ် ။ Video ကိုတော့ အဆိုပါအမျိုးသား၏သူငယ်ချင်းတစ်ဦးက Facebook ပေါ်မှာဝေမျှခဲ့တာဖြစ်ပြီး Video ထဲမှာတော့ အနီရောင်အင်္ကျီ ၊ မျက်မှန် နှင့် ဆံပင်လုံးဝမပါတဲ့ကတုံးနှင့်အမျိုးသားဟာ သူနှင့်တထေရာထဲတူညီနေခဲ့တာကို မမျှော့်လင့်ပဲသူငယ်ချင်းတွေကတွေ့ရှိခဲ့သွားကြပါတယ် ။

အမြွာညီအစ်ကို နှစ်ယောက်လုံးဟာ သတို့သား ၊ သတို့သမီးနှင့်အတူ ဓာတ်ပုံရိုက်ဖို့စောင့်နေခဲ့ကြတာပါ ။ သူ၏သူငယ်ချင်းများကတော့ မိတ္တူ ကူးထားသလိုတထေရာထဲတူနေခဲ့တဲ့အမျိုးသားကို တွေ့မြင်ခဲ့တဲ့အတွက် မအောင့်နိုင်တော့ဘဲအတော်လေးရယ်မောခဲ့ကြပါတယ် ။Video အဆုံးသတ်မှာတော့စတိတ်စင်ပေါ်က အမြွာတစ်ဦးကတော့ ဘာတွေဖြစ်နေတယ်ဆိုတာမသိရှိပဲဖြစ်နေတဲ့အတွက် အကုန်လုံးကို အတော်လေးရယ်မောကျစေခဲ့ပါတော့တယ် ။

ဒါကြောင့် ကိုယ်ရဲ့ဘဝတစ်လျှောက်လုံးမှာ ကိုယ့်နဲ့တထေရာထဲတူနေခဲ့တဲ့ သူမျိုးကိုတွေ့မိ ကြုံမိကြမှာပါပဲ ။ အပြင်မှာတစ်ကယ်တွေ့မိခဲ့ရင်ကော သင်ဘယ်လိုခံစားရမှာလဲ ။ အခု Video ထဲကလို ရယ်နေမိမှာလား ဒါမှမဟုတ် ကြောက်လန့်သွားမှာလား ။ သေချာတာကတော့ ရင်ထဲမှာတစ်ခုခုတော့ သေသေချာချာခံစားမိလိုက်မှာပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*