အွန်လိုင်းက အိမ်စာတွေ လုံးဝမလုပ်လို့ဆိုပြီး တရားရင်ဆိုင်ခဲ့ရတဲ့ (၁၅) နှစ်သမီးလေး

မက်ချီကန်မှ အသက် ၁၅ နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ အိမ်စာမလုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရင်ဆိုင်နေရပါပြီ။

ဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးကြောင့် ကျောင်းတိုင်းလိုလိုဟာ အွန်လိုင်းမှတိုက်ရိုက်စာသင်ကြားမှုစနစ်တွေကို ကျင့်သုံးလာခဲ့တာ လအတန်တောင်ကြာမြင့်နေပါပြီ။ စာသင်တာတွေရော၊ အိမ်စာလုပ်တာတွေရောအပြင် နောက်ဆုံး စာမေးပွဲတွေဖြဆိုတာတောင်မှပဲ အွန်လိုင်းကနေပဲ အကုန်လုံးလုပ်ဆောင်နေရတာပါ။ ဒီလို ရုတ်ချည်းပြောင်းလဲမှုအပေါ်မှာတော့ တချို့သော ကျောင်းသားတွေခင်ဗျာ အခက်အခဲတချို့ဖြစ်လာခဲ့ပါတယ်။

အဲဒီအထဲ Grace ဆိုတဲ့ အခု ၁၅ နှစ်သမီးလေးလည်းအပါအဝင်ပါပဲ။ အရင်ကတည်းကမှ သူမမှာ ADHD ရှိနေတဲ့အတွက် အိပ်ခန်းလေးထဲမှာပဲ အမြဲတမ်းထိုင်ပြီး ဘယ်သူမှမရှိ တစ်ယောက်တည်း live နဲ့စာသင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးတဲ့။ ADHD ဆိုတာ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်အများစုမှာဖြစ်သွားလေ့ရှိတဲ့ အာရုံမစူးစိုက်နိုင်ခြင်းနဲ့ တက်ကြွမှုလွန်ကဲတဲ့ရောဂါတစ်မျိုးပါ။ ဒါကြောင့် Grace ခင်ဗျာ စာသင်ကြားရေးတွေကို အာရုံမစိုက်နိုင်ဘဲနဲ့ အိမ်စာတွေကိုလည်း လုံးဝလိုက်မလုပ်နိုင်တော့တာပါတဲ့လေ။


ဒီကိစ္စကို Grace ရဲ့မိခင်ကနေပြီး သွန်သင်ဖို့ ပြုလုပ်ခဲ့ပေမယ့်လည်း မိခင်ကိုပါ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကျောင်းဖက်က အခုလိုမျိုး တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျောင်းဖက်ကနေပြီး ဒီအဖြစ်အပျက်ကို လုံးဝလက်မခံနိုင်ပါဘူး။ အရင်တုန်းကလည်း Grace ဟာ သူငယ်ချင်းနဲ့မတွေ့ရဖို့ဆိုပြီး မိခင်ကို ဆံပင်တွေဆွဲ၊ လက်ချောင်းကိုပြတ်ထွက်မတတ် ကိုက်ခဲ့ဖူးပါသေးတယ်။ တရားရုံးကနေလည်း တရားသူကြီး Mary Ellen Brennan မှ Garce ကို အတိတ်က ကျူးလွန်ခဲ့ဖူးတဲ့ လုပ်ရပ်တွေကြောင့် လူငယ်ထိန်းသိမ်းရေးကျောင်းကို (၁)လတိတိ ပို့ထားဖို့ အမိန့်ချမှတ် ခဲ့ရပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*