နှာခေါင်းထဲကိုပိုက်ထိုးထည့်ထားရပေမဲ့လည်း ကားမောင်းကာဆေးဖိုးရှာနေရတဲ့ ကားဆရာ

ကိုယ့်ရဲ့တစ်ဘဝလုံးအတွက် သုံးနိုင် ၊ ဖြုန်းနိုင်ဖို့ မကုန်ဆုံးနိုင်တဲ့အသုံးစရိတ်တွေ ရှာဖွေနေရတာဟာ တစ်ကယ်တမ်းလုံးဝမလွယ်ကူတဲ့အရာတစ်ခုပါပဲ ။အချို့လူတွေကျတော့ အတည်တကျအလုပ် ၊ ကိုယ့်အတွက်လုံလောက်တဲ့အတည်တကျ ဝင်ငွေတွေနဲ့အဆင်ပြေနေပေမဲ့လည်း တစ်ချို့သောသူတွေကတော့ ကိုယ့်ရဲ့အသုံးစရိတ်တွေအတွက်စိုးရိမ်နေရတုန်းပါပဲ ။ အထူးသဖြင့်တော့ ကိုယ်တွေလိုကျန်းမာ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်မျိုးနဲ့မဟုတ်ပဲ အလုပ်လုပ်နေကြရတဲ့သူတွေပါ ။

မကြာသေးခင်က Niramon Shicam အမည်ရှိတဲ့ ထိုင်နိုင်ငံကမိန်းကလေးဟာ သူမ၏Facebook စာမျက်နှာမှာ မျက်တွင်းချောင်ကျနေပြီးဖျားနာနေသောအမျိုးသားတစ်ဦးဟာ သူ၏စားဝတ်နေရေးအတွက် Taxi မောင်းနေရတဲ့အဖြစ်အပျက်တစ်ခုကို ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ mask တပ်ထားတယ်လို့မြင်နေရပေမဲ့ သေချာကြည့်လိုက်မယ်ဆိုရင်တော့ သူ၏နှာခေါင်းထဲမှာ ပိုက်ထိုးထည့်ထားတာကိုမြင်နေရပြီး သူ၏ခန္ဓာကိုယ်မှာလည်းအတော်လေးအားနည်းနေတဲ့ပုံစံဖြစ်နေကာ သူ၏အရေးပြားမှာအရိုးတွေထင်းနေရလောက်တဲ့အထိ ပိန်ရှုံးနေခဲ့ပါတယ် ။

Niramon ၏ပြောပြချက်အရ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာ မကောင်းမွန်သည့်အပြင် လိုအပ်နေသည့်ဆေးကုသမှုအတွက် ငွေမလုံလောက်သောကြောင့်ဖြစ်ကြောင်း သိရှိရပါတယ် ။ နောက်ဆုံးမှာတော့ ကျန်မာရေးအခြေအနေမကောင်းပေမဲ့လည်း ဆေးကုသမှုစရိတ်အတွက် Taxi မောင်းပြီးငွေရှာဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ။အဆိုပါအမျိုးသား၏ အကြောင်းကို ကြားသိရပြီးနောက်ကားခပြန်အမ်းငွေ 100 Baht ပြန်မယူတော့ဘဲ ထားခဲ့ပေးလိုက်ပြီး Facebook အသုံးပြုသူများကိုလည်း အဆိုပါအမျိုးသား၏ဆေးဝါးကုသမှုစရိတ်ကိုလှူ ဒါန်းပြီး အကူအညီပေးနိုင်ရန်အတွက် တိုက်တွန်းခဲ့ပါသေးတယ် ။

လူအများစု၏ အားရုံစိုက်မှုကိုခံရပြီးနောက်မှာတော့ Facebook အသုံးပြုသူများက နေမကောင်းတဲ့လူတစ်ယောက်ကားမောင်းတာကိုအနောက်ကနေ လိုက်ပါစီးနှင်းလာကြတဲ့ခရီးသည်တွေအတွက်အတော်လေး အန္တရာယ်များလွန်းကြောင်း နှင့် လမ်းပေါ်တွင်ယာဉ်မတော်တဆမှုများလည်းဖြစ်ပွားနိုင်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။ အခြားသော Facebook အသုံးပြုသူများကလည်း အဆိုပါအမျိုးသား၏တကယ့်ကျန်းမားရေးအခြေအနေ အသေးစိတ်ကို Facebook post တွင်ဖော်ပြထားခြင်းမျိုးမရှိသောကြောင့် အယုံမလွယ်ဖို့လည်း သတိပေးပြောဆိုခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*