
Ri Sol-ju ဟာ Chongjin မြို့လေးမှာ မွေးဖွားပြီး သူဟာ ဆရာဝန်တဲ့ ကျောင်းဆရာမ မျိုးနွယ်က ပေါက်ဖွားခဲ့သူဖြစ်ပါတယ်။သူမကို 1985 ခုနှစ် 1989 ခုနှစ်ကြားမှာ မွေးဖွားပြီး အခုဆို အသက် 28 နှစ် ဒါမှမဟုတ် 33 နှစ်လောက်ရှိမှာဖြစ်ပါတယ်။
သူမဟာ ကိုရီးယားခေါင်းဆောင်နဲ့ လက်မထပ်ခင်မှာ မြောက်ကိုရီးယားရဲ့ အထင်ကရ တက္ကသိုလ်ဖြစ်တဲ့ ပြုံယမ်းမှာရှိတဲ့ Kim Il Sung တက္ကသိုလ်မှာ တက်ခဲ့တာဖြစ်ပါတယ်။သူဟာ 2005 ခုနှစ်မှာ တောင်ကိုရီးယားကို အလည်သွားခဲ့ပြီး Asian Athletics Championships အတွက် နည်းလမ်းအချို့ကို သင်ကြားပြီး သူ့နိုင်ငံကို ပြန်အကျိုးပြုခဲ့ပါတယ်။
Ri Sol-ju ဟာ အဆိုကိုလည်း ဝါသနာထုံပြီး အသံလေ့ကျင့်မှုအတွက် တရုတ်ပြည်မှာ စနစ်တကျ လေ့ကျင့်သင်ကြားခဲ့တာဖြစ်ပါတယ်။သူမရဲ့ သီချင်းသီဆိုမှုနဲ့ Unhasu Orchestra နဲ့ တွဲဖက်ကာ သရုပ်ပြဖျော်ဖြေမှုကို ပထမဆုံး ကင်က တွေ့ကာစွဲလန်းခဲ့တာလို့ ဆိုပါတယ်။
Ri Sol-ju ဟာ 2010 ကနေ 2013 အတွင်း ကလေးနှစ်ယောက်ရခဲ့ပြီး မိန်းကလေါးတွေဖြစ်ပါတယ်။2017 မှာ ယောကျ်ားလေးတစ်ယောက် ထပ်ရခဲ့တာဖြစ်ပြီး သူမဟာ တောင်ကိုရီးယားရဲ့ အမျိုးသမီးအခွင့်အရေးကို သဘောကျသူဖြစ်တြံအလျောက် သူ့လို မြောက်ကိုရီးယားသူတွေ တန်းတူအခွင့်အရေးရဖို့ စွမ်းဆောင်မှုတွေ ရှိခဲ့ပါတယ်။
Ri Sol-ju ဟာ မြောက်ကိုရီးယားရဲ့ သတ်မှတ်ထားတဲ့ ဆံပင်စတိုင်ကို ပထမဆုံးဆန့်ကျင်ပြီး အတိုထားတဲ့ အမျိုးသမီးဖြစ်ပါတယ်။သူတို့နိုင်ငံမှာ အမျိုးသမီးတိုင်း ဆံပင်ရှည်ထားရတာဖြစ်ပြီး အနောက်တိုင်းရဲ့ ဆံပင်အဆင်အပြင်တွေ လုပ်လို့ မရပါဘူး။ဒါပေမယ့် သူမဟာ ဒါကို ဆန့်ကျင်ပြီး ထားခဲ့တာဖြစ်ပါတယ်။
Ri Sol-ju ဟာ သူ့ခင်ပွန်းပေါ် အာဏာရှိပါတယ်။သူ့ခင်ပွန်းကတော့ တိုင်းပြည်အပေါ် အာဏာရှိပါတယ်။သူမဟာ အပျော့ဆွဲနည်းနဲ့ ခင်ပွန်းကိုသိမ်းသွင်းဟာ တောင်ကိုရီးယားအမျိုးသမီးတွေလို မြောက်ကျွန်းသူတွေလည်း ဘောင်းဘီ ဝတ်ရရေး၊ဂျင်း ဝတ်ရရေးနဲ့ ရှုဒဖိနပ်စီးရရေးကို တောင်းခံပေးခဲ့သလို အမျိုးသမီးတွေ စက်ဘီးမစီးရဆိုတဲ့ ပညတ်ချက်ကိုလည်း ပယ်ချက်ခိုင်းခဲ့ပါတယ်။
Leave a Reply