Online ပေါ်ကချစ်သူနဲ့အပြင်မှာမတွေ့ဆုံခင် အကြောသေသွားခဲ့ပေမဲ့ ကတိတည်တဲ့ချစ်သူရဲ့ဂရုစိုက်မှုကိုရခဲ့တဲ့မိန်းကလေး (ရုပ်/ သံ)

ထိုင်းနိုင်ငံ Chiang Mai မြို့မှာနေထိုင်တဲ့ အသက်31နှစ်အရွယ်အမျိုးသားဟာ သူ၏အသက်21နှစ်အရွယ်ချစ်သူမိန်းကလေး ယာဉ်မတော်တဆမှုဖြစ်ပြီးလည်ပင်းအောက်ပိုင်းအကြောများသေသွားမှုဖြစ်ပြီးကတည်းက ချစ်သူမိန်းကလေးကိုပြုစုစောင့်ရှောက်နေခဲ့တာပါ ။ Narawut Phongyen အမည်ရှိတဲ့အမျိုးသား နဲ့ Patcharaphan Lenkham အမည်ရှိတဲ့အမျိုးသမီးတို့ဟာ July 2015 ခုနှစ်မှာ Social Media ပေါ်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး 7လနီးပါး အချင်းချင်းစကားပြောဆိုခဲ့ကြပါတယ် ။

သို့ပေမဲ့ ပထမဦးဆုံးအပြင်မှာချိန်တွေ့ကြမည့် နေ့ February 2016 မှာတော့ Patcharapan ဟာယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီးနောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး လည်ပင်ကနေစပြီးအောက်ပိုင်းအထိ အကြောသေသွားခဲ့ရပြီး သူမ၏လက်မတစ်ချောင်သာလှုပ်လို့ရခဲ့ပါတော့တယ် ။သို့ပေမဲ့လည်း Narawut ဟာအရင်ကတည်းက အပြင်မှာမတွေ့ဆုံဖူးသေးတဲ့မိန်းကလေးတစ်ယောက်ကို စွန့်လွှတ်ပစ်ရမယ့်အစား ၊ စားသောက်ဆိုင်မှာကြိုတင်စာရင်းပေးခဲ့တာကိုဖျက်ပစ်ခဲ့ပြီး ဆေးရုံသို့အလျင်အမြန်လိုက်သွားကာ သူနှင့် Patcharaphan တို့ပထမဆုံးတွေ့ဆုံခဲ့ခြင်းဟာ သူမဆေးရုံပေါ်က ကုတင်ပေါ်မှာဖြစ်ကြောင်း သိရှိရပါတယ် ။

Narawut ဟာချစ်သူကောင်မလေးကို အတော်လေးချစ်မြတ်နိုးသူပါ ။ ဘာလို့လည်းဆိုတော့ ကောင်မလေးကိုဂရုစိုက်မယ်လို့ကတိပေးခဲ့ပြီး သူမကိုနေ့တိုင်း 3နှစ်လုံးလုံး စောင့်ရှောက်ပေးခဲ့လို့ဖြစ်ပါတယ် ။ ထို့အပြင် ချစ်သူကောင်မလေးကို နေ့တိုင်း ကျွေးမွေးပြုစုပေးပြီး သူမကိုဆေးကြောသန့်စင်ပေးပါတယ် ။ သူမ၏အိမ်အလုပ်များဖြစ်တဲ့ လျှော်ဖွတ်ခြင်းနှင့် အခန်းသန့်ရှင်းရေးများကိုပါ ပြုလုပ်ပေးခဲ့ပါသေးတယ် ။ သူမ၏လက်မောင်းတွေပြန်ကောင်းမွန်လာဖို့အတွက်လည်း အကြောအဆစ်များနှိပ်နှယ်ပေးခြင်း စသည့်အရာများပါ ကူညီစောင့်ရှောက်ပေးခဲ့ပါတယ် ။

မကြာသေးခင်ကမှ ရိုက်ကူးထားခဲ့တဲ့ Video တစ်ခုမှာတော့ Narawut ဟာ ချစ်သူကောင်မလေးကိုအဖော်ပြု ပြီး ထမင်းကျွေးရန်အတွက် နေ့လယ်စာအနားပေးချိန်မှာ သူမ၏အိမ်သို့လမ်းလျှောက်ပြန်လာခဲ့ပါတယ် ။ Video ထဲမှာ ချစ်သူကောင်မလေး Patcharaphan ဟာ သူမခြေလက်တွေပြန်အသုံးပြုနိုင်အောင် အဓိကစိတ်ပါအောင်တွန်းအားပေးနေသူက သူမ၏ချစ်သူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ”

ကျွန်မသူနဲ့ခင်မင်ခွင့်ရခဲ့တာ ပြီးတော့ ကျွန်မဘဝမှာသူရှိနေတာလေးက ကျွန်မအတော်လေးကိုကံကောင်းနေတာပါ ။ ဒါပေမဲ့ သူ့အတွက်တော့စိတ်မကောင်ပါဘူး ၊ ဘာလို့လဲဆိုတော့ မသန်မစွမ်းတဲ့သူတစ်ယောက်နဲ့အတူနေနေရတာ သူ့အတွက်အတော်လေးခက်ခဲတယ်ဆိုတာ ကျွန်မသိနေလို့ပါ ။ ကျွန်မအကြောအဆစ်တွေလှုပ်ရှာနိုင်ဖို့ကုထုံးတွေနဲ့ကုသနေရတဲ့အကြောင်းကတော့ သူ့ကြောင့်ပါ ပြီးတော့ တစ်ရက်ရက်မှာတော့ သူရဲ့အနားမှာကျွန်မနောက်တစ်ကြိမ်လမ်းလျှောက်နိုင်ဖို့ မျှော်လင့်မိပါတယ် ” ဆိုပြီးသူမက ပြောဆိုသွားခဲ့ပါတယ် ။

လက်ရှိမှာတော့ ၎င်းတို့စုံတွဲဟာ အတူတူနေထိုင်လျက်ရှိပြီး တစ်နေ့နေ့မှာမိသားစုဘဝအတူစတင်နိုင်ဖို့ မျှော်လင့်နေကြပါတယ် ။ Narawut ကတော့ ” ကျွန်တော်အလုပ်ကနေအိမ်ကိုပြန်ရောက်လာတဲ့နေ့တွေတိုင်း သူမရဲ့မျက်နှာကိုမြင်တွေ့ရလို့အတော်လေး ပျော်ရွှင်မိပါတယ် ၊ သူမကလည်း ကျွန်တော့်ကိုအတော်လေးဂရုစိုက်ပါတယ် ။ ပြီးတော့ ကျွန်တော် သူမနဲ့သူမရဲ့မိသားစုကိုကတိပေးထားတယ်ဗျ သူမလုံးဝကိုပြန်ပြီးနေကောင်းသွားတဲ့အချိန်ကျရင် သူမကိုလက်ထပ်ခွင့်တောင်းပြီး သူမရဲ့ရွာမှာလက်ထပ်ပွဲအကြီးကြီးကျင်းပဖို့အတွက်ပါ ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*