ဖျားပြီးနောက်အမျိုးသားတွေရဲ့အသံကိုမကြားရတော့တဲ့မိန်းကလေး

တရုတ်နိုင်ငံမှာနေထိုင်သူ Chen, ဆိုသူဟာ ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားခဲ့ရပါတယ်။ သူမရဲ့ပြင်းထန်တဲ့ ဖျားနာမှုကနေ ဒီလိုရောဂါကြီးကို ရခဲ့တာပါ။ ဖြစ်ပုံကဒီလိုပါ…လူနာအမျိုးသမီးဟာ ဖျားနားပြီး နောက်တစ်နေ့မနက်မှာ အိပ်ရာနိုးနိုးခြင်း နားထဲမှာ တစ်စုံတစ်ခုဖြစ်နေသလိုခံစားနေရပါတယ်။ ဒီလိုနဲ့သတိမထားမိပဲနေလာရင်သိပ်မကြာခင်မှာ သူမချစ်သူနဲ့တွေ့ဆုံခဲ့ပါတယ်။

သူမချစ်သူက သူမကိုခေါ်လိုက်တဲ့အသံနဲ့သူမရည်းစားပြောတဲ့စကားတွေကိုသူဘာမှကိုမကြားရတော့ပါဘူး ။ ဒါကြောင့် တရုတ်နိုင်ငံ အရှေ့ဘက်ကQianpu Hospital ကိုသွားပြီးပြသခဲ့ပါတယ်။ ဆေးရုံမှာ အာရုံကြောဆရာဝန်မနဲ့ကုသရင်းဆရာမရဲ့အသံကိုကြားရပင်မဲ့ ကုသခန်းနားကိုရောက်လာတဲ့လူနာအမျိုးသားတစ်ယောက်ရဲ့စကားပြောသံကိုတော့သူမမကြားခဲ့ပါဘူး။

ဒီအဖြစ်ကိုကြည့်ပြီး ဆရာဝန်တွေလည်းတော်တေ်ာကိုထိတ်လန့်သွားပါတယ်။ သူမဟာအမျိုးသားတွေရဲ့အသံကိုပဲသီးသန့်ကြီးကိုမကြားရသလိုဖြစ်နေတာမျိုးပါ။ သူမရဲ့ထူးဆန်းတဲ့ ဝေဒနာကိုအမြန်ကုသဖို့ ဆရာဝန်တွေတိုင်ပင်ပြီးအဖြေညှိလို့နေကြပါတယ်။

ဆရာဝန်တွေရဲ့ထင်မြင်ယူဆချက်ကတော့ စိတ်ခံစားမှုပြင်းပြင်းထန်ထန်တစ်ခုကြောင့်ဒီလိုဝေဒနာခံစားခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။ သနားစရာ ကောင်းတဲ့မိန်းကလေးရဲ့ဖြစ်ရပ်ကတော့အံ့လည်းအံ့သြလို့မဆုံးပါပဲ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*