မင်္ဂလာပွဲရဲ့ထမင်းပန်းကန်ပေါ်မှာ ကလေးတစ်ခါသုံးဒိုင်ပါစွန့်ပစ်သွားခဲ့ကြတဲ့ ကလေးမိဘများ

မင်္ဂလာပွဲကိုတက်ရောက်တယ်ဆိုတာက မင်္ဂလာဇနီးမောင်နှံကလေးလေးစားစားဖိတ်ကြားခဲ့လို့ပါ ။ ဒါကြောင့် အနည်းဆုံးတော့ ကိုယ့်ရဲ့လေးစားတဲ့အပြုအမူကိုပြန်ပြပေးရမှာပါ ။ ဒါပေမဲ့လည်း တစ်ချို့သောသူတွေကတော့ လူ့အသိုင်းအဝိုင်းရဲ့ယဉ်ကျေးတဲ့အပြုအမှုတွေကို မသိနားမလည်ကြတော့တာလားဆိုပြီး တွေချင်စရာပါပဲ ။ မကြာသေးခင်က မလေးရှားနိုင်ငံရဲ့ မင်္ဂလာခန်းမတစ်ခုမှာကျင်းပပြုလုပ်တဲ့ မင်္ဂလာပွဲမှာ Faqihuddin အမည်ရှိတဲ့ twitter အသုံးပြုသူတစ်ယောက်က စားပြီးသားပန်းကန်ပြားတစ်ခုပေါ်မှာ စိုစွတ်နေတဲ့ကလေးတစ်ခါသုံးဒိုင်ပါတစ်ခုကို ထုပ်ပိုးပြီးတင်ထားခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။

စွန့်ပစ်သွားတဲ့သူတွေကတော့ နောက်ကျရင် အဆိုပါဒိုင်ပါကို မင်္ဂလာခန်းမရှိသန့်ရှင်းရေးဝန်ထမ်းများက သိမ်းကျုံးသွားမည်လို့ထင်မှတ်ထားပုံရပါတယ် ။ ပြောစရာမရှိလောက်အောင် တော်တော်လေးကိုအော့အန်သွားစေမဲ့ ရွံရှာဖို့ကောင်းတဲ့ လုပ်ရက်မျိုးပါ ။” တော်တော်လေးကိုမိုက်မဲလွန်းတဲ့ မလေးရှားက မင်္ဂလာပွဲဧည့်သည် ” ဆိုပြီး Faqihuddin ကသူ၏ Twitter ပေါ်မှာဖော်ပြခဲ့ပါတယ် ။

ကိုယ်ထိုင်နေတဲ့စားပွဲဝိုင်းမှာကျန်ရှိနေတဲ့ ပန်းကန်ပြားပေါ်မှာတွေ့ရှိခဲ့မယ်လို့ စဉ်းစားကြည့်လိုက်ရုံဖြင့် ဘယ်လိုမှ လက်မခံနိုင်တဲ့ ရိုင်းစိုင်းတဲ့အပြုအမှုမျိုးဖြစ်ပါတယ် ။ပိုပြီးဆိုးဝါးတာက မင်္ဂလာပွဲကိုခန်းမအတွင်းမှာပြုလုပ်တာဖြစ်တဲ့အတွက် အနံ့ဆိုးများက ကျန်ရှိနေအုံးမှာပဲဆိုပြီး Faqihuddin ကရှင်းပြသွားခဲ့ပါတယ် ။ Twitter အသုံးပြုသူအများအပြားကလည်း အဆိုပါအပြုအမှုမျိုးကို မနှစ်သက်ကြောင်းအမျိုးမျိုးပြောဆိုခဲ့ကြပါတယ် ။

Twitter အသုံပြုသူတစ်ယောက်ကတော့ ” မိုက်မဲရိုင်းစိုင်းတဲ့မိဘတွေက မိုက်မဲတဲ့ကလေးမျိုးကိုပဲ မွေးမြူ ကြမှာပါပဲ ။ တစ်ချို့သူတွေဆိုရင် သူများရဲ့နေအိမ်မှာ ညစ်ပေနေတဲ့ကလေးတစ်ခါသုံးဒိုင်ပါကိုစွန့်ပစ်ဖို့ အတော်လေးအားနာရှက်တတ်ကြပြီး ပလပ်စတစ်ဖြင့်ထုပ်ပိုးပြီး အဝေးမှာသာသွားရောက်စွန့်ပစ်လေ့ရှိကြပါတယ် ။ လူတွေကတစ်ရက်ပြီးတစ်ရက် ပိုပြီးထူးဆန်လာကြပါတယ် ” ဆိုပြီးသူ၏ထင်မြင်ချက်ကို ချပြခဲ့ပါတယ် ။ အဆိုပါလုပ်ရက်မျိုးကို ပြုလုပ်သွားကြတဲ့ ကလေးမိဘတွေကိုတော့ လူအတော်အများက ခံျူ့ချဝေဖန်အပြစ်တင်ခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*