အသက် ၇၉ နှစ်မှ၁၀ တန်းဖြေဆိုပြီး ကျည်ပွေ့အတတ်ပေါက်နိုင်ကြောင်းပြခဲ့တဲ့ အဖွားအို

ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့အနီး မကတီမြို့ (Makati) အနောက်ပိုင်းရန်ဘို ရပ်ကွက် (Barangay West Rembo) ဒေသရှိ Bonifacio ခံတပ် အထက်တန်းကျောင်း ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တွင် အသက် ၇၉ နှစ်အရွယ်ရှိအဖွားအိုတစ်ယောက်က ၁၀ တန်းအဆင့် အထက်တန်းပညာကို ပြီးဆုံးအောင်မြင်ခဲ့ပြီး ကျည်ပွေ့အတတ်ပေါက်နိုင်တယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။


ဒီလို အသက် ၈၀ နားကပ်နေတဲ့ အဖွားအိုတစ်ယောက်အနေနဲ့ သူမရဲ့ မြေးအရွယ်ကလေးလေးများနဲ့ အတူတူထိုင်ပြီး စာသင်ရဲတဲ့ အဖွားအိုရဲ့ သတ္တိဟာ လေးစားစရာပဲဖြစ်ပါတယ်။အဖွားအိုရဲ့ နာမည်ဟာ လိုလာ ဆယ်ဗာဆီယွန် (Lola Salvacion) လို့အမည်ရပြီး အဖွားအိုက အသက်အရွယ်ဟာ ပညာသင်ယူရာမှာ အဟန့်အတား မဖြစ်စေရဘူးလို့ ယုံကြည်သူတစ်ယောက် ဖြစ်ပါတယ်။


အဖွားအို လိုလာ ရဲ့ အသက်အရွယ်လောက်ရှိတဲ့ တခြားသော သက်ကြီးရွယ်အိုတွေဆိုရင် အလုပ်က အနားယူပြီး အိမ်မှာပဲ အေးအေးဆေးဆေး အနားယူနေကြပြီး သေဆုံးဖို့ ရက်ကိုပဲ လက်ချိုးရေတွက်စောင့်နေကြတာ ဖြစ်ပါတယ်။ဒါပေမဲ့ အဖွားအိုလိုလာ ဟာ မြေးအရွယ် ကျောင်းသူ ကျောင်းသားလေးတွေနဲ့ မရှက်မကြောက် ပညာကိုဆည်းပူးခဲ့ပြီး သေဆုံးတယ်ဆိုတာ သေမင်းရဲ့ အလုပ်သာဖြစ်တယ်လို့ခံယူထားတဲ့ စိတ်ဓာတ်ရှိသူ အဖွားအိုတစ်ယောက်ဖြစ်ပါတယ်။


သူမဟာ ဒီလို ခက်ခက်ခဲခဲ ပညာသင်ယူခဲ့ခြင်းအားဖြင့် သူမရဲ့ ပညာသင်ယူလိုတဲ့ ရည်မှန်းချက်အောင်မြင်ခဲ့သလို့ ” ငါအသက်ကြီးနေပါပြီကွာ ” ဆိုပြီး ဘာမှမလှုပ်ရှားတော့တဲ့ သူများအတွက်လည်း စိတ်ဓာတ်ခွန်အားများ ပေးနိုင်ခဲ့တာ ပဲဖြစ်ပါတယ်။အဖွားအို အထက်တန်း ပညာရေးအဆင့်ကို အောင်မြင်ခဲ့တဲ့ သတင်းကြောင့် ဆိုရှယ် မီဒီယာ အသုံးပြုသူများက အံ့ဩခဲ့ကြသလို အဖွားအိုနဲ့ ပညာအတူ ဆည်းပူးခဲ့ရတဲ့ မြေးအရွယ်ကျောင်းသား၊သူတွေကလည်း အဖွားကို သတိရနေမှာပါ လို့ပြောကြားခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*