ကောင်မလေးတွေကို သူတို့ ရင်သားပေါ်သူ့မျက်နှာပေးအပ်ရင် ပိုက်ဆံလှူမယ်ဆိုပြီး prank လုပ်ခဲ့တဲ့ တရုတ်ပြည်က vlogger တစ်ဦး

Xu ဆိုပြီး အမည်ရတဲ့ တရုတ်အမျိုးသားတစ်ဦး ဟာ Weibo မှာ စနောက်တဲ့ ဗီဒီယို (prank) တွေတင်တဲ့ vlogger တစ်ဦးဖြစ်ပါတယ်။ သူဟာ ရှန်ဟိုင်း မြို့က လမ်းသွားလမ်းလာကောင်မလေးတွေကို သူ့မျက်နှာကို သူတို့ရင်သားပေါ်ပေးအပ်မယ်ဆိုရင် တစ်ယောက်ကို 10RBM (နှစ်ထောင်ကျပ်နီးပါး) တရုတ်ကြက်ခြေနီအသင်းကို လှူဒါန်းမယ်ဆိုုပြီး စနောက်ခဲ့ပါတယ်။ ထိုဗီဒီယိုကို သူကိုယ်တိုင်ဘဲ ရိုက်ခဲ့ပြီး ဗီဒီယိုထဲမှာတော့ မိန်းကလေးအချို့က သူ့အား မျက်နှာအပ်ဖို့ ခွင့်ပြုခဲ့ကြပါတယ်။

Prank ဆိုကတည်းက တကယ်လှူဒါန်းမှာမဟုတ်ဘဲ ဒီအတိုင်း မိန်းကလေးတွေအပေါ် အမြတ်ထုတ်ခဲ့တာကို ဗီဒီယို ရိုက်ပြီး တင်ခဲ့တဲ့ အတွက် ကြည့်ရှုတဲ့ သူတော်တော်များများက ဒေါသထွက်ခဲ့ပါတယ်။ သူဟာ ထိုကဲ့သို့ ဗီဒီယို မျိုး ပြုလုပ်တာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။ အရင်တုန်ကလည်း မျက်လှည့်ပြမယ်ဆိုပြီး မိန်းကလေးရဲ့ ရင်သားကို ရုတ်တရက်ကိုင်ခဲ့တာကြောင့် ရဲတွေ ဖမ်းဆီးမှုကိုလည်းခံခဲ့ရဘူးပါတယ်။

ယခု ဒီဗီယိုထွက်လာတော့ အမျိုးသမီးတွေက ထိုသူကို အရေးယူသင့်တယ်ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဗီဒီယိုထဲက ရင်သားပေါ် မျက်နှာပေးအပ်ခဲ့တဲ့ အမျိုးသမီးတွေက ပိုက်ဆံပေးရတဲ့ သရုပ်ဆောင်တွေလား သာမန်လူတွေလားဆိုတာ စစ်ဆေးနေတုန်းလို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*