တရုတ်နိုင်ငံက ဟိုတယ်တစ်ခုမှာ ကပ်ထား တဲ့ အိမ်သာ အသုံးပြုနည်း ပိုစတာကြောင့် ရယ်မောစရာဖြစ်ခဲ့

တရုတ်နိုင်ငံက ဟိုတယ်တစ်ခုမှာ ကပ်ထားတဲ့ အိမ်သာအသုံးပြုနည်း ပိုစတာဟာ လူမှုကွန်ရက် ဝက်ဘ် ဆိုက်ဒ်တွေမှာ ရယ်မောစရာ အဖြစ် ဖြန့်ဝေခံနေ ရပါတယ်။ အဲဒီပိုစတာမှာ အနောက်တိုင်း အိမ်သာအသုံးပြု နည်းကို သိရှိအောင် သရုပ်ဖော်ပုံတွေနဲ့ ပြသထားခြင်း ဖြစ်ပါတယ်။

အာရှနိုင်ငံအများစုမှာ အသုံးပြု တဲ့ အိမ်သာဟာ အနောက်တိုင်းမှာ အသုံးပြုတဲ့ အိမ်သာနဲ့ ကွဲပြားခြားနားပါ တယ်။ အာရှမှာ အသုံးပြုတဲ့ အိမ်သာတွေဟာ ဆောင့်ကြောင့်ထိုင် အနေအထားနဲ့ အသုံးပြရပါတယ်။

အနောက်တိုင်းမှာ သုံးတဲ့အိမ်သာတွေကတော့ သက်သောင့်သက်သာ ပုံစံမျိုးထိုင်နိုင်အောင် ပြုလုပ်ထား ပါတယ်။ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာ ရှိတဲ့ ဟိုတယ်မှာ အနောက်တိုင်း အိမ်သာတွေ ပျက်စီးမှုမရှိစေဖို့၊ စည်းကမ်းတကျ သုံးနိုင်ဖို့ ရည်ရွယ်ပြီး အိမ်သာ အသုံးပြုနည်းကို ဖော်ပြထားတာဖြစ်ပါတယ်။

ဟိုတယ် အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့် အနောက်တိုင်း အိမ်သာမှာ ဆောင့်ကြောင့်ထိုင် အသုံးပြုမှုများရှိနေတာမို့ ရုပ်ပုံတွေနဲ့ အိမ်သာ အသုံးပြုနည်း သိအောင် ရှင်းပြထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အရယ်ရဆုံး တစ်ခုကတော့ အိမ်သာမှာ ငါးမျှားလို့ မရဘူးဆိုတဲ့ သရုပ်ဖော်ပုံပဲ ဖြစ်ပါတယ်။ အိမ်သာအသုံးပြုနည်း ပိုစတာက အနောက်နိုင်ငံသားတွေ အတွက် ရယ်စရာ ဖြစ်နေပေမယ့် တရုတ်နိုင်ငံ မှာတော့ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*