Fa တွေ မျက်ရည်ကျရအောင် တခမ်းတနားနဲ့ လက်ထပ်ထိမ်းမြားခဲ့ကြတဲ့ အဆင်လေး၃ဦး

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အမျိုးသား ၃ ဦး ပထမဦးဆုံး ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Fa တွေ Single တွေ ရည်းစားတစ်ယောက်ရဖို့ အသည်းအသန် ရှာဖွေနေကြရတဲ့ အချိန်မှာ

အဆိုပါ အမျိုးသားကတော့ သူချစ်ရတဲ့ အမျိုးသား ၂ ဦးနဲ့ ထိမ်းမြှားလက်ထပ်ခဲ့ပါပြီ။ အကုန်လုံးက အဆင်လေးတွေဆိုတော့ နှမြောတော့လည်း နှမြောသား။ ဒီအဖြစ်အပျက်လေးဟာ ထိုင်းနိုင်ရဲ့ Chanthaburi ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့မှာ

အဆိုပါ ပုံရိပ်ထဲက အမျိုးသား ၃ ဦးဟာ ပျော်ရွှင်စွာနဲ့ လှပခမ်းနားတဲ့ အခမ်းအနားမှာ လက်ထပ်ထိမ်းမြား ခဲ့ကြပါတယ်။ ဇာတ်လမ်းအစလေးမှာတော့ James Chandmthong အမည်ရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ Noah Amsapchan အမည်ရှိတဲ့

အသက် ၂၂ နှစ်အရွယ် Dancer ကောင်လေးနဲ့ ချစ်ကြိုက်ခဲ့ပြီး သူတို့နှစ်ဦးဟာ ၇ နှစ်ကြာတောင် ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ Nong Toei Buutawat အမည်ရှိပြီး အသက် ၂၄ နှစ်အရွယ် သက်လတ်ပိုင်း Dancer ကောင်လေးနဲ့ သူတို့နှစ်ဦးဟာ ရင်းနှီးခဲ့ကြ ပြန်ပါတယ်။

Thanawat Dance ရဲ့Facebook page ကနေ သူတို့ ၃ ဦးရဲ့ မင်္ဂလာဓာတ်ပုံလေးတွေ ဝေမျှပေးခဲ့တဲ့နောက်မှာတော့ social media တစ်ခုလုံးပေါ်သို့ ပျံ့နှံ့သွားခဲ့ပြီး hot ဖြစ်ကာ လူပြောများခဲ့ပါတယ်။ Media တွေရဲ့ ဖော်ပြချက်အရ

ပထမဆုံး ၇ နှစ်ကြာချစ်ခဲ့ကြတဲ့ James နဲ့ Noah ချစ်သူနှစ်ဦးဟာ နောက်ထပ်ရောက်လာခဲ့တဲ့ Nong လေးကို အတူတူ ချစ်ခင်မြတ်နိုးတာကြောင့် သူတို့နှစ်ဦးနဲ့အတူ နေထိုင်သွားကြဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကံကောင်းတာဟာ Nong ရဲ့ မိခင်ကလည်း

ချုပ်ချယ်ပိတ်ပင်ခြင်းမရှိ လွတ်လွတ်လပ်လပ် နေတတ်တဲ့သူမို့ သူတို့ ၃ ဦးရဲ့ ဆက်ဆံရေးကို Nong ရဲ့ မိခင်ကိုယ်တိုင်ကပါ သဘောတူ အတည်ပြုပေးခဲ့တာပါ။ သူမကတော့ သားဖြစ်သူ Nong လေးကို အခြားမိသားစုလေးတွေလိုပဲ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲလေးကိုလည်း တခမ်းတနား ပြုလုပ်ပေးပြီး သူတို့လေးတွေရဲ့ သူငယ်ချင်း မိသားစုဝင်တွေနဲ့ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေအားလူံး တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကတော့ ပျော်ရွှင်ကြည်နူးစရာပါပဲ။

ကျနော်တို့လို Fa တွေ ရည်းစားရဖို့ ရုန်းကန်နေရချိန် သူတို့ကတော့ ၃ ပွင့်ဆိုင်အချစ်ရေးလေးနဲ့ သာယာပျော်ရွှင်နေကြပါတယ်။ ဆိုးတာကတော့ အကုန် အဆင်လေးတွေမို့လို့ပါပဲ။ ဒဘလယ် ဆိုးဆက်။ ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး

ကျနော့်လို Fa လေးတွေပါရင် ဒဘလယ် ထရစ်ပလယ် ရှိတ် ခဲ့ကြပါဦးနော်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*