စေ့စပ်ထားတဲ့ချစ်သူပိုက်ဆံမပျက်သွားအောင် ပိုက်ဆံအိတ်ထဲကိုအမြဲပိုက်ဆံခိုးထည့်ပေးခဲ့တဲ့ မိန်းကလေး

လူတိုင်းကတော့ ကိုယ့်ပိုက်ဆံအိတ်ထဲကပိုက်ဆံကို ဘယ်လောက်ပဲသုံးသုံး မကုန်သွားဖို့အမြဲမျှော်လင့်နေကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်ကအမျိုးသားတစ်ယောက်ဟာ ATM စက်အနားသို့ ပိုက်ဆံသွားမထုတ်တာကြာနေပေမဲ့လည်း ပိုက်ဆံဘယ်လောက်သုံးသုံးအိတ်ထဲက ပိုက်ဆံတွေလျော့မသွားခဲ့တာကို သတိထားမိခဲ့ပါတယ် ။

၎င်းအမျိုးသား၏အဆိုအရ သူ့ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိနေတာလဲဆိုတာကိုတော့ အကြမ်းဖျင်းသိနေခဲ့ပါတယ် ။ဘာလို့လည်းဆိုတော့ နှစ်ပတ်စာအသုံးစရိတ်အတွက် NT$10,000 (မြန်မာငွေ 5သိန်းဝန်းကျင်) ကိုအမြဲအိတ်ထဲမှာထည့်နေကျပါ ။ ပိုက်ဆံကုန်သွားပြီဆိုတော့ နောက်ထပ်နှစ်ပတ်စာအတွက် NT$ 10,000 ကို ATM ထဲမှ ပြန်လည်ထုတ်ယူနေကျ ဖြစ်ပါတယ် ။ထို့အပြင် စေ့စပ်ထားသည့်ချစ်သူမိန်းကလေးနှင့် အပြင်သွားခဲ့ရင်လည်း ကုန်ကျစရိတ်များကို သူကသာရှင်းပေးခဲ့တာဖြစ်ပါတယ် ။သို့ပေမဲ့လည်း မကြာခင်ကမှ ATM စက်အနားမရောက်ခဲ့တာ အတော်ကြာနေပြီဆိုတာကိုသတိထားမိခဲ့ပြီး သူ၏ပိုက်ဆံအိတ်ထဲမှလည်း ပိုက်ဆံများလုံးဝမလျှော့သွားခဲ့တာတွေ့ရှိသွားခဲ့ပါတယ် ။

ထို့ကြောင့် သူ၏အသုံးစရိတ်များကိုစစ်ဆေးခဲ့ပြီးနောက် ATM စက်အနားသို့မသွားဖြစ်ဖြစ်ခဲ့တာ အနည်းဆုံး2လခန့်ရှိနေပြီဖြစ်ကြောင်း သတိထားမိခဲ့ပါတယ် ။ ” အဲ့ဆို ပိုက်ဆံအိတ်ထဲမှာဘာလို့အခုထိပိုက်ဆံတွေအများကြီးရှိနေရသေးတာလဲ ၊ ငါ Credit Card နဲ့လည်း ပိုက်ဆံမရှင်းခဲ့ပါဘူး “ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ အချိန်အတော်ကြာစဉ်းစားပြီးနောက် သူနှင့်စေ့စပ်ထားတဲ့ချစ်သူမိန်းကလေးက တိတ်တဆိတ်သူ၏ပိုက်ဆံအိတ်ထဲသို့ ပိုက်ဆံခိုးပြီးထည့်ပေးနေခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။

ထို့ကြောင့် အဆိုပါအမျိုးသားက “အမှန်ဆို ကျွန်တော်သူ့ကိုအရင်နှစ်ကတည်းက Propose လုပ်လိုက်ရမှာ ” ဆိုပြီးထပ်လောင်းရေးသားထားခဲ့ပါတယ် ။ အဆိုပါအမျိုးသား၏ post ကိုမြင်တွေ့ခဲ့ကြသူများကတော့ သူ၏ချစ်သူကောင်မလေးကိုချီးကျူ းခဲ့ပြီး အမြဲကြည့်ရှုစောင့်ရှောက်ပေးတဲ့ချစ်သူမိန်းကလေးကိုရခဲ့တဲ့အတွက် အဆိုပါအမျိုးသားကို လူအများအပြားအားကျနေကြပါတယ် ။

လူတစ်ယောက်ကတော့ ချစ်သူကောင်မလေးဟာအဆိုပါအမျိုးသားပိုက်ဆံမလိုအပ်တာကိုသိရှိနေပေမယ့်လည်း ပိုက်ဆံရှာရတာမလွယ်မှန်းသိလို့ ကောင်လေးဆီကနေ အလကားမလိုချင်ခဲ့လို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အချို့သောအမျိူ းသားများကလည်း အခုခေတ်မှာအလားတူမိန်းကလေးမျိုးရှာလို့မတွေ့နိုင်ကြောင်းနှင့် ချစ်သူကောင်းတစ်ယောက်ကိုရှာတွေ့ခဲ့တာဖြစ်ကြောင်း ထောက်ခံအားပေးခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*