
အခုဖြစ်ရပ်ကတော့ တော်တော် ထူးဆန်းပါတယ်။ အကြောင်းအရာကတော့ ယောက္ခမတွေက ချွေးမကို ရိုက်ဖို့ တကူးတက လာတာပါ။ သူတို့လာတာကလည်း အိန္ဒီယကနေ အမေရိကန်ထိပါ။ သားဖြစ်သူက ချွေးမကို ဆုံးမို့ မိဘတွေကို ခေါ်ခဲ့တာပံဖြစ်ပါတယ်။
သားဖြစ်သူ ကယ်လ်စိ(အသက်၃၃နှစ်)က ဖလော်ရိဒါမှာ မိန်းမဖြစ်သူ ဆေးလ်ကိ(အသက်၃၃နှစ်) နှင့်အတူ နေထိုင်ပါတယ်။ ကယ်လ်စိက အိန္ဒီယရှိ သူ့၏မိဘတွေကို ဇနီးဖြစ်သူက သူ့စကားနားထောင်လေ့မရှိကြောင်း မိဘတွေလညဆုံးမပေးရန် တောင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် မိဘတွေဖြစ်တဲ့ ဂျက်စပါ(၆၇နှစ်)နှင့်ဘူုပင်ဒါကယ်လိစိ(၆၁နှစ်)အနေဖြင့် သားဖြစ်သူဆီလာခဲ့ပါတယ်။ ယောက္ခမတွေက ချွေးမဖြစ်သူ ဆေးလ်ကိ ကိုရိုက်နှက် ဆုံးမဖို့ အိန္ဒီယကနေ အမေရိကန် ဖလော်ရီဒါကို လာရောက်ခဲ့ပါတယ်။
ယောကျာ်းဖြစ်သူ ကယ်လိစိက မိန်းမကို ဆုံးမရိုက်နှက်ခဲ့ပါတယ်။ ဒါ့အပြင် ယောက္ခမတွေဖြစ်တဲ့ ဂျက်စပါနှင့်ဘူုပင်ဒါကယ်လိစိတို့ကလည်း ချွေးမဖြစ်သူကို ရိုက်နှက်ခဲ့ပါတယ်။ ဒါ့အပြင် ချွေးမကို အခန်းထဲလှောင်ထည့်ထားကာ ဖုန်းသိမ်းထားခဲ့ပါတယ်။ တစ်ရက်မှာ ချွေးမဖြစ်သူ ဆေးလ်ကိအနေဖြင့် ဖုန်းရရှိထားတုန်း သူ့၏ အိန္ဒီယမှရှိတဲ့ မိဘတွေကို ဖြစ်ကြောင်းပြောကာ တိုင်တန်းခဲ့ပါတယ်။
ဆေးလ်ကိ၏မိဘတွေရဲ့ ရဲကိုတိုင်တန်းခံမှုကြောင့် ရဲတွေရောက်လာကာ စစ်ဆေးလျက်ရှိပါတယ်။ ယခုအခါ ရဲတပ်ဖွဲ့အနေဖြင့် မိန်းမကိုရိုက်နှက်ခဲ့တဲ့ ကယ်လ်စိနှင့်သူ့၏မိဘ၂ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
Leave a Reply