လမ်းပေါ် တံတွေးထွေးလိုက်တဲ့ ပြည်သူကို ထူးဆန်းတဲ့နည်းနဲ့ အပြစ်ပေးခဲ့တဲ့ ယာဉ်ထိန်းရဲ (ရုပ်သံ)

COVID 19 ကပ်ရောဂါရှိတဲ့လူဟာ အခြားကျန်းမာနေတဲ့လူတစ်ယောက်ကို ရောဂါပိုး အလွယ်တကူကူးစက်နိုင်ပါတယ်။ ရောဂါရှိတဲ့လူက နှာချေလိုက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ COVID 19 ရောဂါပိုးဟာ လူတစ်ယောက်ကနေ အခြားတစ်ယောက်စီကို အလွယ်တကူကူးစက်နိုင်တာကိုတော့ တော်တော်များများသိကြမှာပါ။ အခုလည်း အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်ပေါ်ကနေ အမှတ်တမဲ့လမ်းမပေါ်ကို တံတွေးထွေးလိုက်တာ မြင်လိုက်တဲ့ ယာဉ်ထိန်းရဲကြီးတစ်ဦးဟာ အဆိုပါအမျိုးသားကို ထူးဆန်းတဲ့နည်းလမ်းနဲ့ အပြစ်ပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


အိန္ဒိယနိုင်ငံ၊ Chandigarh ပြည်နယ် လမ်းမပေါ်တစ်ခုမှာ ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတစ်ဦးဟာ မီးပွိုင့်တစ်ခုထွက်ခါနီးမှာ လမ်းမပေါ်ကို အမှတ်တမဲ့ တံတွေးထွေးလိုက်ပါတယ်။ ဒါကို မြင်လိုက်တဲ့ ယာဉ်ထိန်းရဲဟာ အဆိုပါအမျိုးသားရှိရာကို ချက်ချင်းသွားပြီး ဆိုင်ကယ်ကို တားဆီးခဲ့ပါတယ်။ အဲဒီနောက်မှာ အဆိုပါအမျိုးသားအား ယာဉ်ထိန်းရဲကြီးမှ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်မျိုးမှာ ဒီလို လက်လွတ်စပယ်တံတွေးထွေးတဲ့ကိစ္စဟာ အရမ်းစည်းကမ်းမဲ့လွန်းရာရောက်တဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။


အဲဒီနောက်မှာ ယာဉ်ထိန်းရဲကြီးဟာ အဆိုပါအမျိုးသားဟာ သူတံတွေးထွေးခဲ့တဲ့နေရာကို ပြန်သွားပြီး အဲဒီနေရာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ဖို့ ပြောခဲ့ပါတယ်။ တံတွေးထွေးခဲ့တဲ့ အမျိုးသားလည်း ချက်ချင်းဆိုသလို သူတံတွေးထွေးခဲ့တဲ့နေရာကိုသွားပြီး ရေနဲ့ သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတာနဲပ ယာဉ်ထိန်းရဲကြီးဟာ နောက်တစ်ခါ ဒီလိုစည်မဲ့ကမ်းမဲ့ မလုပ်ဖို့ အဆိုပါအမျိုးသားကို သတိပေးပြီး ပြန်လွှတ်ခဲ့ကြောင်း သိရပါတယ်။

 

ဒီဗီဒီယိုကိုတွေ့တဲ့ အိန္ဒိယပြည်သူတွေကတော့ အဆိုပါ ယာဉ်ထိန်းရဲကြီးရဲ့ လုပ်ရပ်ကို ချီးမွမ်းခဲ့ပြီး တွတွေးထွေးခဲ့တဲ့ အမျိုးသားကိုတော့ အပြင်းအထန်ရှုံ့ချခဲ့ကြောင်း သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*