၁ဝနှစ်အတွင်း ကလေး(၁၃)ယောက် မွေးဖွားခဲ့တဲ့ အာဂအမျိုးသမီး

ယူအက်စ်အေ ၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အသက် ၃၅နှစ် Patty Hernandez ဟာ ၁ဝနှစ်အတွင်းမှာ ကလေး (၁၃)ယောက်မွေးဖွားခဲ့တဲ့ စပါယ်ရှယ် အမျိုးသမီးပါပဲ။

လက်ထပ်ပြီးချင်းပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ အစပိုင်းမှာ သူမ အမျိုးသားက ကလေး ၂ယောက်၊ ၃ယောက်လောက်ပဲမွေးဖို့ စဉ်းစားထားခဲ့ပေမယ့် Patty ဟာ အချိန်ခဏလေးနဲ့ ကိုယ်ဝန်အမြဲတမ်း လွယ်နေရပါတယ်။ သူမလည်း ဘုရားရဲ့စီစဉ်မှုအတိုင်း လိုက်နာဖို့ပဲဆုံးဖြတ်လိုက်တယ်။


Patty ရဲ့ကလေး ၁၃ယောက်က ယောကျ်ားလေး (၅)ယောက်၊ မိန်းကလေး ၈ယောက်ဖြစ်ပါတယ်။ ကလေးတွေအားလုံးကို အဖေဖြစ်သူရဲ့နာမည် Carlos အတိုင်း C နဲ့စတဲ့နာမည်လေးတွေပဲ မှည့်ထားလေရဲ့။ အခုလာမယ့် မေလမှာ ၁၄ယောက်မြောက် ကလေးကို ကိုယ်ဝန်လွယ်ထားရပါပြီတဲ့။ မိန်းကလေးပါ။

” ၁ဝနှစ်အတွင်း ဒီလောက်ကိုယ်ဝန်ဆောင်နိုင်တာ ကျွန်မဝမ်းသာပါတယ်။ ကလေးမွေးပြီး ၃လအကြာမှာ ကိုယ်ဝန်ထပ်ရတယ်။ ဘုရားရဲ့အလိုတော်အတိုင်းပါပဲ။ ဘုရားက ကလေးအယောက် ၃ဝမွေးဆိုလည်း ကျွန်မမွေးရမှာပါပဲ ” လို့ ပြောလာပါတယ်။

ကလေးတစ်ယောက်ရှိတာတောင် တော်တော်လေးအလုပ်ရှုပ်တာ ၊ (၁၃)ယောက်ဆိုတော့ သူမအတွက်၂၄နာရီနီးပါး အချိန်ပေးရပါတယ်။ ကျောင်းတက်နေပြီဖြစ်တဲ့ ကလေးကိုကျောင်းပို့ပြီးတာနဲ့ ကျန်တဲ့ ပိစိလေးတွေကို သွားလေရာခေါ်သွားရပါတယ်။ ထားခဲ့ရင်လည်း စိတ်မချရပါဘူး။ အဝတ်လျှော်ရင်လည်း တောင်လိုပုံနေတဲ့အကျီ ၤအုပ်ကြီးကို မငြီးငြူလျှော်ရတယ်။


ဒီလောက်အလုပ်များတာတောင် သူမ ကျန်းမာရေးဂရုစိုက်နိုင်တယ်။ ကလေးတွေ စားဖို့အချိန်မှီပြင်ဆင်နိုင်သေးတယ်။ ဒါကြောင့်သူမကို အာဂအမျိုးသမီးလို့ လူတွေက ချီးကျူးကြတာဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*