ရုပ်ချောပြီး Singleဖြစ်မှ ရနိုင်တဲ့ မြောက်ကိုရီးယားက ယာဉ်ထိန်းရဲမေအလုပ်

မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ပြုံယမ်းမှာ ယာဉ်ထိန်းရဲတာဝန်များကို ထမ်းဆောင်နေသူများမှာ လှပချောမောတဲ့ ရဲမေများသာဖြစ်ကြပြီး အဲဒီအချက်က မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ခရီးသွားသူများရဲ့ ဆွဲဆောင်ချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ Daily Mailသတင်းစာက ဖော်ပြခဲ့ပါတယ်။

 

ဦးထုပ်၊ အမည်းရောင်ဒေါက်မြင့်ဖိနပ်နဲ့ အပြာရောင်ယာဉ်ထိန်းရဲဝတ်စုံတို့ကို စမတ်ကျစွာဝတ်ဆင်ထားတဲ့ အမျိုးသမီးယာထိန်းရဲမေတွေဟာ အသက်(၂၆)နှစ်ပြည့်ရင် ပင်စင်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသက်(၂၆)အတွင်း အပျိုဖြစ်ရမှာဖြစ်ပြီး အိမ်ထောင်ပြုရင် ရာထူးကနေအနားယူရပါမယ်။

 

လက်ရှိအချိန် ပြုံယမ်းမြို့တော်မှာ ယာဉ်ထိန်းရဲမေအဖြစ် တာဝန်ထမ်းဆောင်နေသူဦးရေ အယောက်(၃၀၀)လောက်ရှိပြီး နေ့စဉ်နဲ့အမျှ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေရတယ်လို့ သိရပါတယ်။ အဆိုပါယာဉ်ထိန်းရဲမေတို့ဟာတာဝန်မထမ်းဆောင်ခင် ပြင်းထန်းတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ရပါသေးတယ်။

 

ပြုံးယမ်းမြို့တော်မှာ အမျိုးသမီးများ ယာဉ်ထိန်းရဲလုပ်ရမယ့် ဥပဒေကို ၁၉၈၀ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထားတာဖြစ်ပေမယ့် နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့ခံထားရမှုနဲ့ ဆင်းရဲမွဲတေမှုကြောင့် နိုင်ငံအတွင်း ယာဉ်များပေါများခဲ့ခြင်းမရှိသလိုယာဉ်ထိန်းရဲမေတွေလည်း ပေါများခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

 

ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အရာရှိပုဂ္ဂိုလ်တစ်ဦးက ‘ယာဉ်ထိန်းရဲမေတွေဟာ ပြုံယမ်းမြို့တော်ကို ကိုယ်စားပြုကြတာပါ။ ဒါကြောင့်လည်း သူတို့ကို သေသေချာချာစိစိစစ်ရွေးချယ်တာဖြစ်ပါတယ်။ သာမန်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အသက်(၂၆)၊ (၂၇)ဆို မိန်းကလေးတွေ အိမ်ထောင်ပြုကြပါတယ်။ ဒီယာဉ်ထိန်းရဲ့တာဝန်ဟာ အလွန်ခက်ခဲပြီး ကြမ်းတမ်းတဲ့အလုပ်ပါ။ ဒီအလုပ်တွေကို တစ်ကိုယ်ရေသမားပဲလုပ်နိုင်မှာဖြစ်ပါတယ်’လို့ ပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*