စားပြီးရင်း စားချင်နေအောင် ဆွဲဆောင်လွန်းတဲ့ လူချောလေးရဲ့အကင်

စီးပွားရေးဆိုတာ ဒီလိုအကွက်ကျကျ လုပ်တတ်ဖို့လည်း လိုတာပေါ့။ မလေးရှားနိုင်ငံ Peninsular အရှေ့ပိုင်းမှာနေထိုင်တဲ့ Siuhau Neo ရဲ့အကင်ကတော့ လူငယ် ၊ လူကြီးက အစအကြိုက်တွေ့စေတဲ့ အကင်ပါပဲ။


သူ့ရဲ့အကင်က အရသာရှိရုံတင်မကဘူး ။ ရောင်းတဲ့လူကိုယ်တိုင်ကလည်း စမတ်ကျပြီး မိန်းကလေးတိုင်းသဘောကျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့မိသားစုဟာ Pahangမြို့မှပင်လယ်စာ စားသောက်ဆိုင်ကို ဖွင့်ထားပါတယ်။ ပင်လယ်စာတွေအပြင်ကို အခု Neo က သူ့ကိုယ်တိုင်လုပ်ထားတဲ့ အကင်ကို ထပ်မံရောင်းချခဲ့တာဖြစ်ပါတယ်။

သူကိုယ်တိုင် အကင်စက်ရှေ့မှာ အကျီ ၤချွတ်ပြီး အကြိတ်နယ်ကို ကင်ပေးနေတာဖြစ်ပါတယ်။ ကြက်သားပြားနဲ့ ဝက်သားပြားကတော့ ပုံထဲမှာတွေ့ရတဲ့အတိုင်း တကယ့်ကိုရှယ်ပါပဲ။ ကဲ… ဒီလောက်ဆို သူ့ရဲ့အကင်ဘာလို့ ရောင်းကောင်းတာလဲဆိုတာ သိပြီဟုတ် …

Be the first to comment

Leave a Reply

Your email address will not be published.


*