စက်ဘီးစီးလာတဲ့ကောင်လေးကို ကားနှင့်ဝင်တိုက်မိရင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ စုံတွဲ

ဒါကလည်း ကိုယ့်ဘဝလက်တွဲဖော်ကိုရှာတွေ့ခဲ့တဲ့ နည်းလမ်းအသစ်တစ်မျိုးပါပဲ ။ မလေးရှားနိုင်ငံက Universiti Tunku Abdul Rahman (UTAR) တက္ကသိုလ်ကျောင်းသူမလေးတစ်ယောက်ဟာ သူမတို့ချစ်သူနှစ်ဦးတွေ့ဆုံခဲ့ပုံကို သူမ၏page မှာဖော်ပြခဲ့တဲ့အတွက် လူအများရဲ့စိတ်ဝင်စားမှုကို အတော်လေးရရှိခဲ့ပါတယ် ။

သူမ၏ချစ်သူကောင်လေးကိုတော့ Kamparမြို့ ကိုပထမဆုံးရောက်ရှိလာခဲ့တဲ့နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။” ချစ်ဖို့ကောင်းလွန်းတဲ့ ကျွန်မရဲ့ချစ်သူကောင်လေးကိုကြည့်လိုက်တိုင်း ၊ လွန်ခဲ့တဲ့ 2နှစ်ခွဲတုန်းက ကျွန်မတို့ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတဲ့အကြောင်းကို အမြဲပြန်တွေးမိနေတယ် ၊ အဲ့အချိန်တုန်းက ကျွန်မ Kampar မြို့ကိုရောက်စစအချိန်ဖြစ်ပြီး ဖုန်းနားက Waze software ကိုအသုံးပြုပြီး ကျွန်မနေမယ့်အဆောင်ကိုရှာနေခဲ့တာပါ ၊ ကျွန်မကားကိုလည်း ဖြေးဖြေးလေးမောင်းနေခဲ့တာပါ 20/40 km နှုန်းနဲ့ပါပဲ ၊ တိကျတဲ့တည်နေရာရဖို့ကိုပဲ အာရုံစိုက်နေမိခဲ့တာပါ ။

အဲ့ချိန်မှာ ရုတ်တရက် တိုက်မိတဲ့အသံကျယ်ကြီးကိုကြားလိုက်ရတော့ ကျွန်မကားကိုချက်ချင်းရပ်လိုက်ပါတယ် ။ ကျွန်မကြည့်လိုက်တဲ့ချိန်မှာတော့ စက်ဘီးမောင်းလာတဲ့ကောင်လေးတစ်ယောက်ကို ကျွန်မကားနဲ့တိုက်လိုက်မိလို့ပါ ၊ကျွန်မသေလောက်အောင်ကြောက်လန့်သွားခဲ့ပါတယ် ၊ ဘာလို့လဲဆိုတော့ ဒီနေရာကိုစရောက်တဲ့နေ့မှာဘဲ ကျွန်မလူတစ်ယောက်ကိုသတ်မိလိုက်တယ်လို့ ထင်သွားခဲ့လို့ပါ ” ဆိုပြီးပြောပြခဲ့ပါတယ် ။

” ကံကောင်းစွာနဲ့ပဲ စက်ဘီးစီးလာတဲ့ကောင်လေးက ဘာဒဏ်ရာမှ မရရှိခဲ့ပါဘူး ။ ပြီးတော့ ကျွန်မစိတ်ဂယောက်ဂယက်ဖြစ်သွားတာကိုမြင်ပြီး ကျွန်မကိုကြင်ကြင်နာနာနဲ့နှစ်သိမ့်ခဲ့ပါသေးတယ် ၊ သူကတော့အဆင်ပြေပါတယ် ဒါပေမဲ့ကားမောင်းရင်ဖုန်းကိုအသုံးမပြုပါနဲ့ဆိုပြီးတော့ ကျွန်မကိုဆုံးမခဲ့ပါသေးတယ် ၊ကျွန်မလည်း စိတ်မကောင်းတော့ သူ့ကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ် ။ ” ဆိုပြီးသူမတို့ရဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။

အဲတာကတော့ သူမတို့ခင်မင်ရင်နှီးမှုရဲ့အစဖြစ်ပြီး သူမ၏ကားထဲမှာခရီးဆောင်အိတ်တွေနဲ့ ပြည့်နေတာကိုတွေ့လိုက်တော့ ကောင်လေးဖြစ်သူကသူမရဲ့အဆောင်ထိလိုက်ပို့ပေးခဲ့ပါတယ် ။ သူမတို့နေထိုင်တဲ့ အဆောင်တွေကလည်း တစ်ဆောင်နဲ့တစ်ဆောင်သိပ်မဝေးတော့ သူမတို့ဖုန်းနံပတ်တွေအချင်းချင်းဖလှယ်ခဲ့ကြပြီး ကောင်လေးကတော့ သူမ Kamper မြို့မှာပထမဆုံးခင်မင်ခဲ့တဲ့ သူငယ်ချင်တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။ ကောင်လေးက သူမကိုအမြဲဖေးမကူညီခဲ့ရင်နဲ့ သူမတို့ရဲ့ခင်မင်မှုဟာအဆင့်မြင့်လာခဲ့ပြီး လအနည်းငယ်အကြာမှာတော့ သူမတို့ဟာချစ်သူတွေ ဖြစ်လာခဲ့ကြပါတော့တယ် ။

သူမpost ရဲ့ အဆုံးသတ်နားမှာတော့ ” အဲ့ကြောင့် မိန်းကလေးတွေကျွန်မလိုဖြစ်ချင်ရင် အားတဲ့အချိန်တွေမှာကားပတ်မောင်းပြီး ကိုယ်ကြိုက်တဲ့ကောင်လေးနဲ့တွေ့ခဲ့ရင် သူ့ကိုကားနဲ့သာတိုက်ပစ်လိုက် ၊ သင့်ရဲ့ချစ်သူဖြစ်ရင်ဖြစ်သွားနိုင်တယ် ” ဆိုပြီးဟာသနှောပြီး ရေးသားထားခဲ့ပါတယ် ။ အချို့သောသူများကတော့ သူမရဲ့အကြောင်းဟာ အစစ်အမှန်မဟုတ်ဘူးဆိုပြီးသံသယရှိခဲ့ကြပေမဲ့လည်း အချို့ကတော့ မမျှော်လင့်တဲ့ပုံစံတဲ့ သူမရဲ့ချစ်သူကောင်လေးကိုတွေ့ရှိခဲ့တဲ့ဖြစ်စဉ်က အတော်လေးကိုရှားပါးလွန်းတယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*